နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Petal Search ဝန်ဆောင်မှုကို Huawei က မိတ်ဆက်

ဇွန်   ၂၆


Beta ဗားရှင်းတွင် Petal Search မဟုတ်ဘဲ Huawei Search အမည်ဖြင့် ရိုးရှင်းစွာပေးထားသည်။ Petal Search သည် Huawei Mobile Services ecosystem ထဲတွင်ပါဝင်လာပြီး Google Search အစားအသုံးပြုရန် ဖန်တီးလိုက်ခြင်းဖြစ်သည်။ စင်ကာပူတွင် Petal Search ကို ကုမ္ပဏီ၏ AppGallery မှ ဒေါင်းလုပ်ဆွဲနိုင်ပြီဖြစ် ကြောင်း Gimochina သတင်းက ဖော်ပြထားသည်။


Huawei သည်ကိုယ်ပိုင်ဆော့ဖ်ဝဲလ် ecosystem တည်ဆောက်မှုနှင့် Huawei Mobile Services တိုးချဲ့မှုကိုများလုပ်ဆောင်နိုင်ခဲ့သည်။ Petal Search သည် third party sources များဆီမှ app များကို အလွယ်တကူရှာဖွေနိုင်ပြီး Download ဆွဲနိုင်မည်ဖြစ်သည်။


Petal Search ကိုနောက်ဆုံးထွက် EMUI 10 ဗားရှင်းဖြစ်သည့် v10.1.0.131 တင်ထားသည့်ဖုန်းများတွင် ဒေါင်းလုပ်ဆွဲနိုင်မည်ဖြစ်သည်။ ထို app တွင်ပါဝင်သည့်လုပ်ဆောင်ချက်အပြည့်အစုံကိုလက်ရှိတွင် နိုင်ငံ အားလုံး၌ အသုံးပြုနိုင်ခြင်းမရှိသေးသော်လည်းမကြာမီအချိန်တွင် နောက်ထပ်ဈေးကွက်များကိုလည်းတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။


Petal Search app သည်ဘာသာစကား၄၀ပံ့ပိုးထားပြီးနိုင်ငံနှင့်နယ်မြေဒေသပေါင်း ၄၅ ခုတွင် အသုံးပြုနိုင် ကြောင်း သိရသည်။                                                                                                                  


(WP)






အခြားဆက်စပ်သတင်းများ