နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Apex Legends ဂိမ်း မိုဘိုင်းဗားရှင်း ယခုနှစ်တွင် ထွက်ရှိမည်

ဇွန်   ၂၆


EA ၏ စီအီးအိုအင်ဒရူးဝီလ်ဆင်က ယခုနှစ်မှာ Apex Legends ကို မိုဘိုင်းဗားရှင်းနှင့် ထွက်လာမည် ဖြစ်ကြောင်းအတည်ပြုလာသည်။ အဆိုပါ ဂိမ်းကို Android ရော၊ iOS အတွက်ပါ ထုတ်လုပ်ပေးသွားမည်ဖြစ်သည်။ ယခုအထိ Apex Legends ကို Xbox ၊ PC ၊ PlayStation တို့မှာသာ ကစားနိုင်သည်။


လက်ရှိအချိန်မှာ Fortnite ၊ PUBG Mobile စသည့် ဂိမ်းများအကြီးအကျယ်အောင်မြင်နေခြင်းကြောင့် EA ကလည်း Apex Legends ကိုမိုဘိုင်းဗားရှင်းဖြင့် ကစားနိုင်အောင် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။


ယခုနှစ်အစောပိုင်းတုန်းက EA က Respawn Entertainment မှာ Apex Legends ကို Nintendo Switch တွင်ကစားနိုင်အောင် လုပ်ဆောင်နေကြောင်းပြောကြားခဲ့ဖူးသည်။                                                 


(သူရိန်)






အခြားဆက်စပ်သတင်းများ