နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ မိုးများပြီး ရေလွှမ်းမိုး၊ လူထောင်ချီ ‌ရွှေ့ပြောင်း

နယူးဒေလီ  စက်တင်ဘာ ၁၉

မိုးအဆက်မပြတ် ရွာသွန်းခြင်း ကြောင့် အိန္ဒိယအလယ်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များတွင် စက်တင်ဘာ ၁၈ ရက်က ရေလွှမ်းမိုး မှုများဖြစ်ပွားနေကြောင်း သိရသည်။

နာမာဒါမြစ်ကမ်းပါးများ ပြိုကျ ပြီးနောက် အနောက်ဂူဂျာရတ် ပြည်နယ်၏ ဘာရုချ်ခရိုင် အနိမ့်ပိုင်း ဒေသရှိ လူပေါင်းထောင်ချီကိုဘေး လွတ်ရာ ရွှေ့ပြောင်းထားရကြောင်း အာဏာပိုင်များက ပြောသည်။

ရေကြီးမှုသည် အမြင့်ပေ ၄၀ ထုဝန်းကျင်အထိရှိကြောင်း ခရိုင် အချက်အလက်စုဆောင်းရေး ကိန်း ဂဏန်းများတွင် ဖော်ပြထားပြီး လတ်တလောတွင် ထိန်းချုပ်ထားနိုင် သည့် အနေအထားရှိသဖြင့် အလွန် စိုးရိမ်ဖွယ်မရှိကြောင်း အာဏာပိုင် များက ပြောသည်။

ရေကြီးမှုဖြစ်စဉ်အတွင်း မဒ်ဟာ ပရာဒေ့ရှ်ပြည်နယ် အလယ်ပိုင်း အူဂျိမ်းဘုရားကျောင်းလည်း မြစ်ရေ လျှံတက်လာပြီး ရေလွှမ်းနေကြောင်း သိရသည်။

(ref -Reuters)






အခြားဆက်စပ်သတင်းများ