နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုလန်ကြည်းတပ်နှင့် လေတပ်ပူးတွဲလေ့ကျင့်ရေး ပြုလုပ်

ဝါဆော စက်တင်ဘာ ၁၉

ပိုလန်နိုင်ငံရှိ ကြည်းတပ်နှင့် လေတပ်များပူးပေါင်း၍ စစ်ရေး လေ့ကျင့်မှုတစ်ခုပြုလုပ်နေပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း တင့်ကား၊ ရဟတ်ယာဉ်များနှင့် မြေပြင်တပ်များ ပူးပေါင်းလေ့ကျင့်လျက်ရှိကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အော်သမ်ဖိုင်းယား ၂၃ ဟု အမည် ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့် မှု၏ အဓိကရည်ရွယ်ချက်သည် တပ်ဖွဲ့ အချင်းချင်း ပူးတွဲစစ်ဆင်နိုင်စွမ်းနှင့် စစ်မြေပြင်တွင် ပူးတွဲစစ်ရေးလှုပ်ရှား နိုင်စွမ်းကို ထုတ်ဖော်ပြသရန်ဖြစ် ကြောင်း ပိုလန်စစ်တပ်က ပြောသည်။

ယခု စစ်ရေးလေ့ကျင့်မှုသည် လာမည့်ရက်သတ္တပတ်တွင် ပြုလုပ်မည့် အမြောက်လက်နက်ပြပွဲမတိုင်မီ ပြုလုပ် ခြင်းဖြစ်ပြီး အမြောက်လက်နက်ပြပွဲ ကို အများပြည်သူ ဝင်ရောက်လေ့လာ ကြည့်ရှုခွင့်ပြုသွားမည်ဟု ဆိုသည်။ 

ပြပွဲတွင် ပိုလန်စစ်တပ်အသုံးပြုနေ သည့် အေဘရမ်(စ်)နှင့်  k2 တင့်ကား၊ ဟိုင်းမာ့စ် ဒုံးပစ်လောင်ချာစနစ်အပါ အဝင် နောက်ဆုံးပေါ်စစ်လက်နက်များ ကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ