နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသည်များ လေယာဉ်ပေါ်မတက်မီ ကိုယ်အလေးချိန် ချိန်မည်ဟု ဘန်ကောက်အဲဝေးစ် ကြေညာ

ဘန်ကောက် စက်တင်ဘာ ၁၉

အောက်တိုဘာ ၃၁ ရက်အထိ  လေယာဉ်ပေါ်မတက်မီ ခရီးသည် အားလုံး ကိုယ်အလေးချိန် ချိန်တွယ် ရမည်ဖြစ်ကြောင် ဘန်ကောက်အဲဝေးစ် က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာ သည်။ 

လေကြောင်းလိုင်း၏ ကြေညာ ချက်တွင် ခရီးသည်များကိုယ်အလေး ချိန် ချိန်တွယ်သည်မှာ နိုင်ငံတကာ လေကြောင်းပျံသန်းရေးအဖွဲ့ကြီး၏ စံနှုန်းများအတိုင်း ဆောင်ရွက်ခြင်းဖြစ် ပြီး  လေယာဉ်ပျံသန်းမှု လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ပျံတက်စဉ် ဝန် အလေးချိန်ကို တွက်ချက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ် ကြောင်း သိရသည်။

ကိုယ်အလေးချိန် ချိန်ခြင်းကို ထွက်ခွာဂိတ်ပေါက် လေယာဉ်မတက်မီ ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လေကြောင်း လိုင်းက မေတ္တာရပ်ခံထားသည်။

ယင်းသို့ လေယာဉ်ပေါ်မတက်မီ  ကိုယ်အလေးချိန် ချိန်တွယ်ခြင်းကို ကိုရီးယားလေကြောင်းနှင့် အဲနယူး ဇီလန် လေကြောင်းတို့တွင်လည်း ဆောင်ရွက်လျက်ရှိသည်။

ဘန်ကောက်အဲဝေးစ်သည် ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ လာအို၊ မော်လဒိုက်၊ မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ်များသို့ ပျံသန်းပေးနေပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် တွင် အခြေပြုထားသည်။

(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ