အမှိုက်ဟူသည် မကောင်းသော စွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း စသည်တို့ ဖြစ်တတ်သည်ကို သိပါလျက် မဆင်မခြင်စွန့်ပစ်နေခြင်း ဖြစ်သည်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။
လူတို့ စွန့်ပစ်အမှိုက်များတွင် အခြားအမှိုက်များထက် မီးဖို ချောင်သုံး စွန့်ပစ်အမှိုက်များက ပိုသည်။ နေ့စဉ် မိမိနေအိမ်မှ စွန့်ပစ်အမှိုက်များကို စနစ်တကျ ထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ သို့မဟုတ် အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရမည်။
အထူးသဖြင့် မြို့တွင်းအထပ်မြင့်တိုက်များတွင် နေထိုင်ကြသူ တို့သည် နေ့စဉ်မိမိနေအိမ်မှ စွန့်ပစ်အမှိုက်များကို မဆင်မခြင် နောက်ဖေးလမ်းကြားသို့ စွန့်ပစ်တတ်ကြသည်။ မြို့ပြဖွံ့ဖြိုး တိုးတက်အောင်၊ စည်းကမ်းရှိသော မြို့ကြီးပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံး အပ်သော အရာမှာ အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်တတ် သည့် အလေ့အထကို ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း၊ စွန့်ပစ်အမှိုက်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိသည်။ ယင်း အခမ်းအနားများတွင် စွန့်ပစ်အမှိုက်များ လျှော့ချခြင်း၊ ပြန်လည် တီထွင်အသုံးပြုခြင်းနှင့် အမှိုက်ကြောင့် ဖြစ်ပေါ်တတ်သည့်ရောဂါ များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးတွင် မြို့ပြနေ ပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာရေး၊ စည်းကမ်းပြည့်ဝသော မြို့ကြီးသားဖြစ်အောင် ပြည်သူတစ်ရပ်လုံး၏ စွမ်းအားဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသပ်ရပ် သော ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာမည် ဖြစ်သည်။
လူဦးရေ အထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့တွင် နေ့စဉ် အမှိုက် တန်ချိန်များစွာ ထွက်ရှိနေသည်မှာ မထူးဆန်းချေ။ အမှိုက်သိမ်း ဆည်းခြင်းသည် ရှက်စရာမဟုတ်ဘဲ အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်တတ်၊ သိမ်းဆည်းတတ်သည်ကို သတိပြုမူကြဖို့ လိုသည်။
သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းတွင် စိတ်နှင့်ကိုယ် ကျန်းမာခြင်းပြည့်စုံပြီး နေချင်စဖွယ်ကောင်းသော မြို့ပြပတ်ဝန်း ကျင် ဖြစ်ပေါ်လာမည်ဖြစ်ရာ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရမည်ဟု ဆိုချင်ပါကြောင်း။ ။