နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဆောင်မိခင်များ သွေးထဲတွင် သကြားဓာတ်မြင့်မားခြင်းကြောင့် ကလေး၌ နှလုံးချို့ယွင်းနိုင်

 ဇွန်   ၂၆


ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရောဂါဖြစ်ပွားခြင်းကြောင့် နှလုံးချို့ယွင်းမှုဖြစ်ပွားနိုင်ကြောင်းသိထားကြသော် လည်း ဆီးချိုရောဂါဖြစ်ပွားမှုအဆင့်သို့ မရောက်သေးသောအဆင့်ဖြစ်သည့်သွေးထဲသကြားဓာတ်ပမာဏ မြင့်မားခြင်းကြောင့်လည်း ကလေးငယ်၏နှလုံးတွင် ချို့ယွင်းမှုဖြစ်နိုင်သည့်အန္တရာယ်ရှိကြောင်း လေ့လာမှု တစ်ရပ်က ဖော်ပြသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဆီးချိုရောဂါအတွက်သာမဟုတ်ဘဲ အခြေအနေအမျိုးမျိုးအတွက် စစ်ဆေးရန်လိုသည်ဟု ကလေးနှလုံးအထူးကုဆရာဝန်တစ်ဦးက ပြောသည်။


သန္ဓေသားဘဝတွင် နှလုံးသည်ပုံမှန်ဖွံ့ဖြိုးခြင်းမရှိသဖြင့် နှလုံးရောဂါဖြစ်ပွားခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးဆီးချိုရောဂါဖြစ်ပွားခြင်းကြောင့် ကလေးတွင်နှလုံးချို့ယွင်းမှုဖြစ်နိုင်သည်ကိုသိထားနှင့်ပြီးဖြစ်သော်လည်း ယခုလေ့လာမှုကဆီးချိုရောဂါမဟုတ်ဘဲ သွေးထဲသကြားဓာတ်ပမာဏမြင့်မားမှုကြောင့် ကလေး၏နှလုံးကျန်းမာရေးအပေါ်ထိခိုက်ပုံကိုလေ့လာထားသော ပထမဆုံးလေ့လာမှုဖြစ်သည်။


ကိုယ်ဝန်မဆောင်မီ (သို့မဟုတ်) ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆီးချိုရောဂါမရှိသည့်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်မှုအစောပိုင်းအခြေအနေတွင် သွေးထဲ၌သကြားဓာတ်ပမာဏ၈ရာခိုင်နှုန်းအထိ မြင့်တက်မှု ရှိကြောင်း သုတေသီများက ပြောသည်။

ယင်းကြောင့် ကိုယ်ဝန်ပထမတစ်လအတွင်း မိခင်၏သွေးထဲရှိသကြားဓာတ်ပမာဏကို တိုင်းတာစစ်ဆေး သင့်ပြီး ကြိုတင်ကာကွယ်သင့်သည်ဟု သုတေသီများက အကြံပြုသည်။                                         


 (သူရိန်)






အခြားဆက်စပ်သတင်းများ