နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှအားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယား ပါဝင်မည်

ပြုံယမ်း စက်တင်ဘာ ၁၈

တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် မြောက်ကိုရီးယား အား ကစားအဖွဲ့သည် ပြုံယမ်းမြို့မှ စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရ သည်။

မြောက်ကိုရီးယားပြည်တွင်းအခြေစိုက် KCNA က ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြိုင်ပွဲ ဝင်ကစားသမားဦးရေနှင့် ပြိုင်ပွဲဝင် အသင်းများ၏ အခြေအနေကိုမူ အတိအကျ  ဖော်ပြထားခြင်းမရှိ ကြောင်း သိရသည်။

မြောက်ကိုရီးယားအသင်းသည် အင်ဒိုနီးရှားတွင်  ကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲနောက်ပိုင်း  အာရှ အားကစားပြိုင်ပွဲတွင် ပထမ အကြိမ် အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

၂၀၂၂ အာရှအားကစားပြိုင်ပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ် နောက်ဆုတ်ထားပြီး ယခုနှစ်တွင် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ပြန်လည်ကျင်းပမည် ဖြစ်သည်။

မြောက်ကိုရီးယားသည် ကိုဗစ် ကြောင့် ၂၀၂၀ ပြည့် အစောပိုင်းတွင် နယ်စပ်အားလုံး ပိတ်ပစ်လိုက်ပြီး တိုကျိုအိုလံပစ်ပြိုင်ပွဲသို့လည်း အားကစားအဖွဲ့များ စေလွှတ်ရန် ငြင်းဆိုခဲ့သည်။

ထို့ကြောင့် အိုလံပစ်ကော်မတီက မြောက်ကိုရီးယားကို ၂၀၂၂ ခုနှစ် နှစ်ကုန် အထိ နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ခွင့် ပိတ်ပင်သည့် ပြစ်ဒဏ် ကိုချမှတ်လိုက်ရာ ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်နှင့်လည်း လွဲချော်ခဲ့ရသည်။


(ref: AFP)






အခြားဆက်စပ်သတင်းများ