နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ်တွင် လေယာဉ်ပျက်ကျသဖြင့် လူ ၁၄ ဦးသေဆုံး

ရီယိုဒီဂျနေး စက်တင်ဘာ ၁၈

ဘရာဇီးလ်နိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်က ရာသီဥတုဆိုးရွားနေချိန် လေယာဉ်တစ်စင်း ပျက်ကျသဖြင့် လူ ၁၄ ဦး သေဆုံးသွားကြောင်း သိရသည်။

အင်ဂျင်တစ်လုံးတပ် အသေးစား လေယာဉ်တစ်စင်းသည် ၎င်း၏ ကီလိုမီတာ ၄၀၀ (၂၄၈ မိုင်) ခရီးစဉ် ပြီးဆုံးခါနီးတွင် Amazonas ပြည်နယ် ၏ မြို့တော် Manaus အနီး ပျက်ကျ သွားခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှုတွင် ခရီးသည် ၁၂ ဦးနှင့် လေယာဉ်အမှုထမ်းနှစ်ဦးလုံး သေဆုံးသွားပြီး အခင်းဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။

Amazonas ပြည်နယ် လုံခြုံရေး အတွင်းဝန် Vinicius Almeida ကမူ ကနဦးအချက်အလက်များ စစ်ဆေးရာ တွင် လေယာဉ်သည်မိုးသည်းထန်စွာ ရွာသွန်းပြီး Barcelos အတွင်းသို့ ဆင်း သက်စဉ် ပျက်ကျခြင်းဖြစ်သည်ဟု ဆို သည်။

(ref: AP)







အခြားဆက်စပ်သတင်းများ