နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
VISA ၏ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွင် အာရှပစိဖိတ်ဒေသရှိ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းပါဝင်

ရန်ကုန် ဇွန် ၂၆


Visa (NYSE: V) သည် COVID-19 ဖြစ်ပွားမှု နောက်ပိုင်းတွင် ဒေသခံပြည်သူများကို စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် အာရှပစိဖိတ်ဒေသတစ်လျှောက်ရှိ အသေးစားစီးပွားရေး လုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန်အတွက် ဇွန် ၂၆ ရက် စတင်ကြောင်း Visa ၏သတင်းထုတ်ပြန်ချက်အရသိရသည်။

Visa သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို Online နှင့် In-store နှစ်ခုစလုံးတွင် ငွေသားကိုင်တွယ် အသုံးပြုရန် မလိုသော ငွေပေးချေမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ ငွေပေးချေမှုကို ဒီဂျစ်တယ်ဖြင့် လက်ခံခြင်းဖြင့် ထိရောက်မှုနှင့် ရောင်းအားကို ကူညီရန် အစီအစဉ်များနှင့် ဖြေရှင်းနည်းများကို မိတ်ဆက်ပေးလျက်ရှိသည်။


Visa သည် လူမျိုးရေးနှင့် ကျား၊ မ အခွင့်အလမ်း ကွာဟချက်ကို ဖယ်ရှားရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ကပ်ရောဂါ စိန်ခေါ်မှုများအပါအဝင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် အဓိကထား ဆောင်ရွက်မည့် Visa Economic Empowerment Institute (VEEI) ကိုလည်း ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်သည် ကမ္ဘာအနှံ့ရှိ အသေးစား စီးပွားရေး လုပ်ငန်းပေါင်း သန်း ၅၀ ကို  အထောက်အပံ့ပေးမည့် Visa ၏ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အသေးစားစီးပွားရေးလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်၏ ထက်ဝက်ကျော်ခန့်ရှိကာ ကူးစက် ရောဂါဖြစ်ပွားမှု အများဆုံးဒေသများတွင်ဖြစ်သည်။ အာရှပစိဖိတ်တွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး လုပ်သားအင်အား၏ ၅၀ ရာခိုင်နှုန်းကို အလုပ်ခန့်ထားခြင်းဖြစ်သည်။


Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က “Visa ဟာ မြန်မာ့စီးပွားရေးရဲ့ လုပ်ငန်း အကြီးစားတွေနဲ့ လုပ်ငန်းအသေးစားတွေကို နည်းပညာနဲ့ ငွေပေးချေမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကနေ တစ်ဆင့် တိုးတက်ကြီးထွားလာအောင် အမြဲတမ်း ဂုဏ်ယူစွာနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ လက်ရှိ ဂေဟစနစ်ဟာ New Normal  အတိုင်း လိုက်ပါလုပ်ဆောင်ဖို့  ဆက်လက်ပြောင်းလဲလာတာနဲ့အမျှ ကျွန်မတို့အနေနဲ့ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို တိုးမြှင့်စေနိုင်မယ့်၊ စားသုံးသူ အတွေ့အကြုံတွေ တိုးတက်စေမယ့် ဒီဂျစ်တယ်ငွေပေးချေမှုကို လက်ခံဆောင်ရွက်လာစေတာနဲ့အတူနိုင်ငံအတွင်းက စီးပွားရေး လုပ်ငန်းတွေ ဘုံစိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် အဓိက အာရုံစိုက်နေခဲ့တာဖြစ်ပါတယ်။ ငွေပေးချေမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို နောင်လာမည့် အနာဂတ်မှာ ရှင်သန်ဖွံ့ဖြိုးဖို့ ပြင်ဆင်နေချိန်မှာ ယခုလို စိန်ခေါ်မှုများတဲ့ ကာလအတွင်း ဆက်လက်စီးဆင်းစေနိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါလိမ့်မယ်"ဟု ပြောကြား ခဲ့သည်။             


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ