နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ပေါ်ဟင်ဟာကို ဖူလ်ဟမ်အသင်း စာချုပ်သစ် ချုပ်ဆို

စက်တင်ဘာ  ၁၈

ဖူလ်ဟမ်အသင်းသည် အသင်း မှထွက်ခွာရန် ကြိုးပမ်းနေသည့် ကွင်းလယ်ကစားသမား ပေါ်ဟင် ဟာကို လာမည့် ၂၀၂၈ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ရက်သတ္တပတ်က အသင်းရဲ့အနာဂတ်နဲ့ပတ်သက် လို့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ခဲ့ပါတယ်။ အသင်းနဲ့ တစ်နှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းအတွက် အာရုံစိုက်သွား မှာပါ။ အသင်းနဲ့အတူ အောင်မြင်မှု တွေရဖို့ ဆက်လက်ကြိုးစားသွားမှာ ပါ"ဟု ပေါ်ဟင်ဟာက ပြောသည်။

ပေါ်ဟင်ဟာသည် နွေရာသီ အပြောင်းအရွှေ့ကာလ မပိတ်သိမ်း မီက ဂျာမန်ကလပ် ဘိုင်ယန် မြူးနစ်အသင်းသို့ ပြောင်းရွှေ့ ရန် နီးစပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၇ သန်းသာ ပေးချေခဲ့သောကြောင့် ဖူလ်ဟမ် အသင်းက ၎င်းတို့အလိုရှိနေ သည့် စတာလင်ပေါင် သန်း ၇၀ မရရှိသဖြင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသည်။

ပေါ်ဟင်ဟာသည် ဖူလ်ဟမ် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေ သော်လည်း စာချုပ်ဖျက်သိမ်း ၍ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သော် လည်း အသင်းတာဝန်ရှိသူများ က ခြေစွမ်းပြသနေသည့် ၎င်းကို ဆက်လက်ထိန်းသိမ်းရန် ပြီးခဲ့ သည့် ရက်ပိုင်းအတွင်း ဆွေးနွေး မှုပြုလုပ်ခဲ့ရာ တစ်နှစ်သက်တမ်း တိုးရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။                       

သူရိန်







အခြားဆက်စပ်သတင်းများ