နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဆာအဖွဲ့က ယင်းတို့၏ရုံးချုပ်ကို ပထမဆုံး လူမည်းအမျိုးသမီးအင်ဂျင်နီယာ၏ အမည်မှည့်ခေါ်

ဝါရှင်တန် ဇွန် ၂၆


ပထမဆုံး လူမည်းအမျိုးသမီး အင်ဂျင်နီယာ မေရီဂျက်ဆင်ကို ဂုဏ်ပြုသည့်အနေဖြင့် နာဆာအဖွဲ့က ဝါရှင်တန်ဒီစီရှိ ယင်းတို့၏ရုံးချုပ်ကို မေရီဂျက်ဆင်ဟု အမည်ပေးခဲ့သည်။ မေရီဂျက်ဆင်မှာ အင်ဂျင်နီယာပညာရပ်နှင့် နည်းပညာလောကတွင် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများနှင့် အမျိုးသမီးများအတွက် အတားအဆီးများကို ချိုးဖျက်ဖယ်ရှားရန် ကူညီပေးခဲ့သူဖြစ်သည်ဟု နာဆာအဖွဲ့၏ အုပ်ချုပ်ရေးမှူး ဘရီဒန်စတင်းက ပြောသည်။၂၀၁၆ ခုနှစ်က ရိုက်ကူးထားသည့် Hidden Figures ဇာတ်ကားတွင် မေရီဂျက်ဆင်၏ ဘဝဇာတ်ကြောင်းကို ဖော်ပြထားသည်။ 


ပြီးခဲ့သည့်နှစ်တွင်လည်း နာဆာအဖွဲ့က ယင်းတို့၏ရုံးချုပ်အပြင်ဘက်ရှိလမ်းကို Hidden Figures လမ်းဟု အမည်ပေးခဲ့သည်။ '' မီးခဲပြာဖုံးတာမျိုး မရှိစေရတော့ပါဘူး။ အမျိုးသမီးတွေ၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ၊ နာဆာအဖွဲ့ရဲ့ စူးစမ်းရှာဖွေမှုတွေ အောင်မြင်အောင် ကူညီပေးခဲ့တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ အသိအမှတ်ပြုသွားမှာပါ။ မေရီဂျက်ဆင်က အရမ်းအရေးပါတဲ့ အမျိုးသမီးအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ နာဆာအဖွဲ့က အမေရိကန်အာကာသယာဉ်မှူးတွေကို အာကာသထဲ အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်ဖို့ ကူညီပေးခဲ့သူပါ''ဟု ဘရီဒန်စတင်းက ပြောသည်။     

(KNT)






အခြားဆက်စပ်သတင်းများ