နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၌ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲအခမ်း အနား တိုင်းဒေသကြီး ဝန်ကြီး‌ချုပ် တက်ရောက် ကြည်ညို

ရန်ကုန် ဧပြီ ၆ ‌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အတွင်းရှိ ကိုးနဝင်းဆုတောင်း ပြည့် စေတီတော်ရင်ပြင်၊ ဓမ္မာအောင်သုခဓမ္မာရုံ၌ ယနေ့၊ နံနက်(၉) နာရီက အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကျင်းပသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဗဟိုဝန်ထန်းတက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ လှည်းကူးမြို့နယ်၊ သံဃနာယကအကျိူးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဥတ္တရထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေသည်။ ဆက်လက်၍ အောင်ဇေယျုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးပညာသာမိက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ သတင်း မိုးမြင့်မောင် ဓာတ်ပုံ ကျော်သူထက်






အခြားဆက်စပ်သတင်းများ