နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံ အလုပ်အကိုင်လိမ်လည်မှုများကြောင့် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော်ဆုံးရှုံး

စင်ကာပူ၊ စက်တင်ဘာ ၁၇

စင်ကာပူနိုင်ငံတွင် အလုပ်အကိုင် လိမ်လည်မှုများကြောင့် စင်ကာပူ ဒေါ်လာ ၉၆ ဒသမ ၈ သန်း (အမေရိ ကန်ဒေါ်လာ သန်း ၈၀) ဆုံးရှုံးသွား ကြောင်း စင်ကာပူရဲတပ်ဖွဲ့က စက် တင်ဘာ ၁၆ ရက်တွင် ကြေညာ သည်။

ယခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်နှင့် ပတ်သက်၍ အလိမ် ခံရသူ ၆,၆၀၀ ထက်မနည်းရှိပြီး လိမ်လည်သူများ သည် WhatsApp သို့မဟုတ် Telegram ကတစ်ဆင့် ချဉ်းကပ်ကာ စစ်တမ်းများတွင် ပါဝင် ရန် ဆိုရှယ်မီဒီယာပို့စ်များကို like လုပ်ပါက အခငွေကြေးပေးမည်ဟု လိမ်လည်မှုပုံစံအသစ် ဖန်တီးခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လိမ်လည်ခံရသူများသည် အစော ပိုင်း၌ အခငွေကြေးရရှိသဖြင့် ယုံကြည် လာချိန်တွင် လိမ်လည်သူများက crypto အွန်လိုင်း ငွေကြေးစနစ် ဝက်ဘ်ဆိုဒ်များတွင် အကောင့်များ ပြုလုပ်ပြီး ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ငွေလွှဲခိုင်းကြောင်း၊ ငွေလွှဲပြီးပါက လိမ်လည်သူများကို ဆက်သွယ်၍ မရ တော့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၏ ရာဇဝတ်မှုစာရင်း ဇယားများအရ ယခုကဲ့သို့လိမ်လည် မှုများသည် ထိပ်တန်းလိမ်လည်မှုတစ် ခုဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်အတွင်း ရဲတပ်ဖွဲ့ထံ အစီရင်ခံထားသည့်အမူ အားလုံး၏ ၈၃ ရာခိုင်နှုန်းကျော် ရှိ သည်။                                 

(ref; CNA)






အခြားဆက်စပ်သတင်းများ