နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပသို့ ဓာတ်ငွေ့ဆက်လက်ပေးပို့မည် နော်ဝေပြော

အော့စလို၊ စက်တင်ဘာ ၁၇

ဥရောပတိုက် စွမ်းအင်စနစ်များ တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလျှော့ ချချေဖျက်ရန် လုပ်ဆောင်နေချိန် အတွင်း နော်ဝေနိုင်ငံသည် ဥရောပကို သဘာဝဓာတ်ငွေ့များ  ဆက်လက်ပေး ပို့သွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး အက်စ်ပန်ဘာ့သ်အိုင်ဒါက စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။

ဥရောပ၏ အကြီးဆုံးဓာတ်ငွေ့ တင်သွင်းသူ နော်ဝေနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်းကိုလျှော့ ချနိုင်ရန်နှင့် ၂၀၅၀ ခုနှစ်တွင် ကာဗွန် ကင်းစင်နိုင်ငံဖြစ်ရန် ရည်မှန်းထား သည်။

ဝန်ကြီး အက်စ်ပန် ဘာ့သ် အိုင်ဒါ သည် နော်ဝေ၏ အစီအစဉ်ဖြစ်သည့် မြောက်ပင်လယ်ကို   အသုံးပြုပြီး ကာဗွန်ဖမ်းယူ၊ သိမ်းဆည်းခြင်းဆိုင် ရာ စီမံကိန်းနှင့် နော်ဝေနိုင်ငံသား များကို လျှပ်စစ်ကား (EV) များ ပြောင်း စီးကြရန် လုပ်ဆောင်နေသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သည် အနာဂတ်တွင် နော်ဝေစီးပွားရေးဝင် ငွေရရှိရေးအတွက် သေးငယ်သည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လိမ့် မည်ဖြစ်ကြောင်း ဝန်ကြီး ဘာ့သ်အိုင် ဒါက ပြောသည်။

နော်ဝေနိုင်ငံ ရေနံထုတ်လုပ်မှု သည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး ယင်း၏ ဓာတ်ငွေ့ ထုတ်လုပ်မှုကလည်း လိုက်ပါမြင့် တက်လာကာ ၂၀၃၀ ပြည့်နှစ်အထိ ကျယ်ပြန့်စွာ ဆက်ရှိနေဦးမည်ဟု  မျှော်လင့် ရသည်။                        

(ref: Reuters)







အခြားဆက်စပ်သတင်းများ