နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယားခေါင်းဆောင် ရုရှားခရီးစဉ် သဘောတူညီချက်များ ပြုလုပ်ခဲ့ခြင်းမရှိ

မော်စကို၊ စက်တင်ဘာ ၁၇

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအန်၏ ရုရှားခရီးစဉ်အတွင်း မည်သည့် သဘောတူညီချက်ကိုမှ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်း ကရင်မလင်က စက်တင်ဘာ ၁၆ ရက် တွင် ကြေညာချက် ထုတ်ပြန်သည်။

နှစ်နိုင်ငံကြား လက်နက်အရောင်း အဝယ်ပြုလုပ်မည်ကို အမေရိကန်နှင့် အနောက်နိုင်ငံများက စိုးရိမ်နေကြသော် လည်း ရုရှားခရီးစဉ်အတွင်း သဘော တူညီချက်တစ်ခုကိုပင် လက်မှတ်ရေး ထိုးမှု လုပ်ဆောင်ခြင်း မရှိကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောသည်။

ကင်မ်သည် ၎င်း၏ ရုရှားခရီးစဉ် ကို စက်တင်ဘာ ၁၃ ရက်က စတင်ခဲ့ ပြီး သမ္မတပူတင်နှင့်တွေ့ဆုံစဉ် နှစ် နိုင်ငံခေါင်းဆောင်များသည် ရိုင်ဖယ် သေနတ်များကို လက်ဆောင်အဖြစ်လဲ လှယ်ခဲ့ကြသဖြင့် လက်နက်အရောင်း အဝယ်နှင့် ပတ်သက်သည့် ခရီးစဉ်မျိုး ဖြစ်မည်ကို အနောက်နိုင်ငံများက စိုး ရိမ်နေကြခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်း ကင်မ်သည် ရုရှား သမ္မတကို မြောက်ကိုရီးယားသို့လာ ရောက်ရန်ဖိတ်ကြားခဲ့ပြီး သမ္မတပူတင် ကလည်း လက်ခံထားကာ သွားရောက် မည့် ရက်စွဲအတိအကျကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။

လက်ရှိတွင် ကင်မ်သည် ရုရှားအရှေ့ ဖျားရှိ တိုက်လေယာဉ်များ ထုတ်လုပ် ရာစက်ရုံသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။                         

(ref : AFP)








အခြားဆက်စပ်သတင်းများ