နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်နိုင်ငံ၏ ဒေသတွင်းကမ်းခြေများတွင် လူထောင်ချီ လာရောက်၍ အရေးပေါ်တုံ့ပြန်လှုပ်ရှားခဲ့ရ

လန်ဒန် ဇွန် ၂၆


ဒေသတွင်း ကမ်းခြေများသို့ လူထောင်ချီ လာရောက်ခဲ့သည့်ဖြစ်ရပ်မှာ မတော်တဆမှုကြီးတစ်ရပ် ဖြစ်သည်ဟု အင်္ဂလန်နိုင်ငံတောင်ပိုင်း အရာရှိများက ကြေညာခဲ့ပြီး အရေးပေါ်တုံ့ပြန်လှုပ်ရှားခဲ့သည်။ ယခုနှစ်၏ အပူချိန်အပြင်းဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည့် ပြီးခဲ့သည့်ကြာသပတေးနေ့က ဒေါ်ဆတ်စီရင်စုရှိ ဘုန်းမောက်မြို့နှင့် ဆန်းဘန့်မြို့ ကမ်းခြေများတွင် လူအုပ်ကြီး ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 


ကမ်းခြေများကို မသွားကြရန် အကြံပြုထားသော်လည်း ကမ်းခြေများတွင် နေပူဆာလှုံသူများ၊ ကားများ ပြည့်နှက်သွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု၊ တရားမဝင် ယာဉ်ရပ်နားမှု၊ လူမှုရေးအရ မသင့်တော်သည့် အပြုအမူလုပ်မှုများ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့ နံနက်ပိုင်းက ကမ်းရိုးတန်းတစ်လျှောက်မှ စွန့်ပစ်အမှိုက်တန်ချိန် ၄၀ ကျော်ကို ဖယ်ရှားခဲ့ရသည်။ အဆိုပါမြင်ကွင်းကို တွေ့မြင်ရခြင်းကြောင့် အမှန်တကယ် တုန်လှုပ်ချောက်ချားမိသည်ဟု ကောင်စီအကြီးအကဲ ဆလာဒီက ပြောသည်။                 


(KNT)






အခြားဆက်စပ်သတင်းများ