နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံး

နယူးဒေလီ ဇွန် ၂၄


 ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်နယ်နှစ်ခုတွင် မိုးကြိုးပစ်ချမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု အရာရှိများက ပြောသည်။ ဘီဟာပြည်နယ်တွင် လူ ၈၃ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဆေးရုံ တက်ခဲ့ရသည်ဟု ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့က ပြောသည်။ ဘေးချင်းကပ်တည်ရှိသည့် ဥတ္တာပရာဒက်ရှ်ပြည်နယ်တွင်လည်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး သည်းသည်းထန်ထန် ရွာပါက မိုးကြိုးပစ်ချလေ့ရှိသည်။ မိုးသက်လေပြင်း ကျရောက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး သစ်ပင်ပြိုလဲမှုများလည်း ဖြစ်ပွား ခဲ့သည်။ ရာသီဥတုဆိုးရွားမှု ဆက်ကြုံရနိုင်သည်ဟု ခန့်မှန်းထားခြင်းကြောင့် ဒေသခံများအနေဖြင့် နိုးနိုး ကြားကြားရှိပြီး အိမ်ထဲတွင်သာ နေကြရန် အာဏာပိုင်များက သတိပေးထားသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၈ ခုနှစ်က မိုးကြိုးပစ်ချခဲ့ခြင်းကြောင့် လူ ၂၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အမျိုးသားပြစ်မှုမှတ်တမ်းဗျူရိုတွင် ဖော်ပြထားသည်။ ၂၀၀၅ ခုနှစ်နောက်ပိုင်း နှစ်တိုင်းတွင် မိုးကြိုးပစ်ခြင်းကြောင့် အနည်းဆုံး လူ ၂၀၀၀ သေဆုံးရလေ့ရှိသည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် လူအများအပြားက အိမ်ပြင်ဘက်၌ အလုပ်လုပ်ရခြင်းကြောင့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မိုးကြိုးပစ်၍ သေဆုံးသူ ပိုများရခြင်းဟု ဆိုသည်။ ၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်တွင် ၁၃ နာရီအတွင်း မိုးကြိုး ၃၆၇၄၉ ကြိမ် ပစ်ချခဲ့ဖူးသည်။                                                                                                       (KNT)






အခြားဆက်စပ်သတင်းများ