နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိမဝန္တာနယ်စပ်တွင် တရုတ်နိုင်ငံက ဗုံးခိုကျင်းများ၊ စစ်လက်နက်ဂိုဒေါင်များ တည်ဆောက်နေ

နယူးဒေလီ ဇွန် ၂၆


ယခုလအစောပိုင်းက အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည့် ဟိမဝန္တာနယ်စပ်တိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးတွင် တရုတ်နိုင်ငံက အဆောက်အအုံသစ်များ တည်ဆောက်နေသည်ဟု ဂြိုဟ်တုဓာတ်ပုံသစ် များအရ ပညာရှင်များက သုံးသပ်ထားသည်။ ပြီးခဲ့သည့်လအထိ ဟာလာဟင်းလင်းဖြစ်ခဲ့သည့် နေရာတွင် ဗုံးခိုကျင်းများ၊ ရွက်ဖျင်တဲများ၊ စစ်လက်နက်ဂိုဒေါင်များ ရှိလာကြောင်း တွေ့ရသည်။ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံ နှစ်နိုင်ငံ ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ စောင့်ကြည့်ရသည့် အနေအထား ဖြစ်လာစေခဲ့သည်။


အိန္ဒိယစစ်သည်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ယင်းတို့စစ်သည် မည်မျှကျဆုံးခဲ့သည်ဆိုခြင်းကို တရုတ်နိုင်ငံက အတည်ပြုခြင်းမရှိပေ။ အိန္ဒိယနှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ လျှော့ချရန် ဆွေးနွေးမှု လုပ်နေချိန်တွင် ယခုနောက်ဆုံး ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ပုံများမှာ ဇွန်လ ၂၂ ရက်တွင် အာကာသနည်းပညာကုမ္ပဏီ Maxar က ရိုက်ကူးထားသည့် ပုံများဖြစ်သည်။ တရုတ်နိုင်ငံက ဆောက်လုပ်နေသည့် အဆောက်အအုံများမှာ ဂယ်ဝမ်မြစ်ကို အပေါ်စီးမှသာ စီးမိုးမြင်ရသည့်နေရာတွင်ရှိ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံကလည်းကောင်း၊အိန္ဒိယနိုင်ငံကလည်းကောင်းမှတ်ချက်ပေးခြင်းမရှိသေးပေ။                                                                                                                       

(KNT)






အခြားဆက်စပ်သတင်းများ