နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင် ကမ်းရိုးတန်း အမှိုက်များရှင်း

မနီလာ၊ စက်တင်ဘာ ၁၆

ဖိလစ်ပိုင်နိုင်ငံတွင် စေတနာ့ ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် စက်တင်ဘာ ၁၅ ရက်က အပြည် ပြည်ဆိုင်ရာ ကမ်းရိုးတန်းရှင်းလင်း ရေးနေ့ အထိမ်းအမှတ်အဖြစ် မနီလာ မြို့စွန်များရှိ ကမ်းရိုးတန်း အမှိုက်ကောက်ကာ သန့်ရှင်းရေး လုပ်ဆောင်သည်။

စေတနာ့ဝန်ထမ်းများသည်သန့် ရှင်းရေးလုပ်နေချိန်အတွင်း တစ်ခါ သုံး ပလတ်စတစ်ဘူးများ၊ ခွက်များ နှင့်အိတ်အများစု ကောက်ထည့်ထား သည့် ပလတ်စတစ် အမှိုက်အိတ်ပေါင်း အလုံး ၅၀ ခန့်ကို ရရှိသည်။

ကမ်းရိုးတန်းဒေသခံများအနေဖြင့် တခါသုံး ပလတ်စတစ်များ အသုံးပြုမှု ကိုဖြတ်တောက်ပြီး အစားထိုးပြန်သုံး စွဲနိုင်သည့် ဘူး၊ ခွက်များကို ပြောင်းသုံး ကြရန် အိုက်လန် အင်စတီကျုအာရှ ပစိဖိတ်အဖွဲ့ တာဝန်ခံ ရောဘတ်မက် ဒရာနိုက တိုက်တွန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို သမုဒ္ဒရာထဲ စွန့်ထုတ်ရာတွင် ကမ္ဘာ့ အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာတစ် ဝန်းစွန့်ပစ်မှု စုစုပေါင်း၏ ၃၆ ရာခိုင် နှုန်းရှိကြောင်း အောက်စဖို့ဒ်တက္က သိုလ်ရှိ Our World in Data ပရော့ဂျက် အစီရင်ခံစာအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်း ရှင်းလင်းရေးနေ့သည် ကမ္ဘာတစ်ဝန်း ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေ သည့်အမှိုက်ပြဿနာများကို သတိပြု မိရန် နှစ်စဉ် စက်တင်ဘာတတိယပတ် တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အခမ်းအနား ဖြစ်သည်။  

(ref- Reuters)







အခြားဆက်စပ်သတင်းများ