နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင်အစည်းအဝေး (၂/၂၀၂၀) ကျင်းပ၊ ယူ-၁၄ လိဂ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး

ရန်ကုန်၊ ဇွန် ၂၆


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင်အစည်းအဝေး (၂/၂၀၂၀) ကို ဇွန် ၂၅ ရက်၊ နေ့လယ်ပိုင်းက Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက Video Conferencing System အသုံးပြု ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး မစတင်မီတွင် ယခုလအတွင်းကွယ်လွန်သွားခဲ့ကြသည့် မြန်မာ့လက်ရွေးစင်ဟောင်းများ ဖြစ်ကြသည့် ဦးမျိုးသိမ်းနှင့် ဦးအေးဆန်းတို့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် မတ်တပ်ရပ် ငြိမ်သက်ခဲ့ကြသည်။


ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင်အစည်းအဝေး (၂/၂၀၂၀) တက်ရောက်လာသူများနှင့် အွန်လိုင်းမှ တက်ရောက်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ ရှိကြောင်း၊ ငွေကြေးသုံးစွဲရာတွင် Finance and Marketing Committee ထံတင်ပြ၍ ခွင့်ပြုချက်ယူရန်နှင့် FIFA နှင့် AFC တို့မှ စည်းမျဉ်းစည်းကမ်းများ၊  လမ်းညွှန်ချက်များ၊ ခွင့်ပြုချက်များအတိုင်းသာ သုံးစွဲရန် လိုအပ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်နိုင်ခြင်းမရှိသေးသောကြောင့် နိုင်ငံတကာပြိုင်ပွဲ များကို ရွှေ့ဆိုင်းပေးရန်အတွက် တောင်းဆိုသွားရမည်ဖြစ်ကြောင်း၊ မြန်မာနေရှင်နယ်လိဂ် အမြန်ဆုံးစတင် နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ တစ်ဖက်မှာလည်း မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာပြိုင်ပွဲ များတွင် အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ လက်ရှိ တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းသစ်ကြီး မကြာမီ ပြီးစီးတော့မည်ဖြစ်ရာ မိမိတို့ ပြိုင်ပွဲများ ကျင်းပရေးနှင့် ပြင်ပသို့ ငှားရမ်းအသုံးပြုရေးအစီအစဉ်များ ကြိုတင်ဆောင်ရွက်ထားစေလိုကြောင်း၊ COVID 19 အကြပ်အတည်း ကာလအတွင်း ကလပ်အသင်းပိုင်ရှင်များအပါအဝင် အားလုံးအခက်အခဲများ ရင်ဆိုင်နေရသော်လည်း မိမိတို့ ညီညွတ်မှုဖြင့် ဖြတ်သန်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ အမျိုးသမီး အကယ်ဒမီတစ်ခု အနာဂတ်တွင် ဖွင့်လှစ် သွား နိုင်ရေးအတွက်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီး လိဂ်ပြိုင်ပွဲအား စနစ်တကျ ကျင်းပပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရရှိရန် ပစ်မှတ်ထားစေလိုကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် အခြေခံဘောလုံးနည်းပညာများ ဖြန့်ဖြူးပေးခြင်းကို နည်းစနစ်ကော်မတီမှ ဦးစီးဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


ယင်းနောက် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးက Standing Committee အသီးသီး ဆောင်ရွက်နေမှုများ အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြ သည်။

အစည်းအဝေးတွင် ယူ-၁၄ လိဂ်ပြိုင်ပွဲအား တိုင်းဒေသကြီးနှင့် ပြည်နယ်ဇုန်များအလိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲအား ကျင်းပရန် ဖီဖာခွင့်ပြုချက်လည်း ရရှိနေပြီ ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့ ကြသည်။ 


ထို့နောက် လက်ရွေးစင်အသင်းများ အောင်မြင်ရေးနှင့် ဖူဆယ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် အဖွဲ့ချုပ်ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ