နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိုးရ ကျန်းမာရေးဝန်ထမ်းများကို Air KBZ လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များ အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်

ရန်ကုန်၊ ဇွန် ၂၆


မြန်မာနိုင်ငံတစ်ဝန်းရှိ တာဝန်ထမ်းဆောင်နေကြသော အစိုးရ ကျန်းမာရေးဝန်ထမ်းများကို ကျေးဇူးတင် ဂုဏ်ပြုသောအားဖြင့် အဲကမ္ဘောဇလေ ကြောင်းလိုင်း(Air KBZ)မှ လေယာဉ်လက်မှတ်များ အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Air KBZ လေကြောင်းလိုင်းမှ ယနေ့(ဇွန်လ ၂၆ ရက်က) တရားဝင် ထုတ်ပြန်ကြေညာသည်။

ထိုသို့ အစိုးရ ကျန်းမာရေးဝန်ထမ်းများအား လေယာဉ်လက်မှတ်များ အထူးလျှော့ဈေးဖြင့် ရောင်းချပေးရာ တွင် Air KBZ လေကြောင်းလိုင်းမှ ပျံသန်း ပြေးဆွဲနေသော မြို့များအားလုံးသို့ လေယာဉ်လက်မှတ်များကို          ၃၀ ရာခိုင်နှုန်းအထိ ဈေးလျှော့၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယင်းလေယာဉ်လက်မှတ်များကို Air KBZ ရုံးချုပ်၊ လေဆိပ်နှင့် လက်မှတ်အရောင်း ကောင်တာများတွင်သာ တိုက်ရိုက်ဝယ်ယူရရှိနိုင်မည်ဖြစ် ကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူရမည့်ကာလနှင့် ခရီးသွားရမည့်ကာလမှာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ ဖြစ်ကြောင်း Air KBZ လေကြောင်းလိုင်းမှ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အထူးလျှော့ဈေးဖြင့် ရောင်းချပေးသော လေယာဉ်လက်မှတ်များ ဝယ်ယူရာတွင် သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဝန်ထမ်း၏ မှတ်ပုံတင် မိတ္တူနှင့် သက်တမ်းရှိသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းကတ်မိတ္တူတို့ လိုအပ်ပြီး အသေးစိတ်သိရှိလိုပါက Hotline နံပါတ် +951 9670007 နှင့် အီးမေးလ် လိပ်စာ - reservation@airkbz.com.mm တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ