နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ် ပေါ်နိုင်ကြောင်း စက်တင်ဘာ ၁၂ ရက်က မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

တော်သလင်းနေ ပုစွန်သေ၊ တော်သလင်းမိုး ကန်သင်းကျိုး  ဆိုးရိုးစကားအတိုင်း ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှု ကြောင့် မြစ်ကမ်းပါးဘေးဒေသများတွင် မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၊ဟင်္သာတမြို့၊ ဇလွန်မြို့တို့တွင် စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနေသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊  သာပေါင်းမြို့များတွင် စိုးရိမ်ရေမှတ်အထက်သိုရောက်ရှိနေကြောင်း မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်  အထူးသတိပြုနေထိုင်ကြရန် စက်တင်ဘာ ၁၂ ရက်က မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။

ယခုအခါ သက်ဆိုင်ရာဌာနများမှ မြစ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကိန်းခန့်ခွဲမှုရန်ပုံငွေဖြင့် မြစ်ကမ်းပါးနိမ့် ကျမှုကာကွယ်ရေးလုပ်ငန်းများ၊ ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်း ရေး ဆောင်ရွက်မှု၊ ဟင်္သာတတာ ဆန်တန်းရေကင်းစခန်း၊ ဓနုဖြူ မြို့နယ် မရမ်းချောင်းရေကင်းစခန်း၊ အိပ်ပျက်ကျေးရွာ၊ဖောင်ဆိပ် ကျေးရွာအနီး စွန့်ပစ်တာရေကျော်မှုအခြေအနေများ ဆည်မြောင်း  နှင့် ရေအသုံးချမှုဦးစီးဌာနမှပြုလုပ်သော  မိုးရာသီရေဘေး အန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုများ၊ ဧရာဝတီတိုင်း  ဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအားပေးသည်။

 တာတမံများ၏ အရေးပေါ်အခြေအနေဖြစ်သော တာထိပ် ပေါ်ကျော်ခြင်း၊ ရေပေါက် (ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ၊ တာကျွံ ခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော  မြေသား သို့မဟုတ် သဲအိတ်ကန်သင်းတင်ခြင်း၊ မြေကတုတ် (ရေခွေ) တို့ဖြင့် အရေးပေါ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်း များကို ပူးပေါင်းလေ့ကျင့်သရုပ်ပြသကြသည်။

 သဘာဝဘေးအန္တရာယ် လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန် ထိရောက်မည်ဖြစ်သည်။     ။







အခြားဆက်စပ်သတင်းများ