နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတားမြို့နယ်တွင် နှာခေါင်းစည်း(mask)တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများကို ရှောင်တခင်စစ်ဆေး

ရန်ကုန်    ဇွန်   ၂၅


ဇွန် ၂၄ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ကျောက်တံတားမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှဦးဆောင်၍ နှာ ခေါင်းစည်း(mask) တပ်ဆင်ခြင်း မရှိဘဲနေအိမ်ပြင်ပသို့ထွက်ခွာသူများအားရှောင်တခင်စစ်ဆေးကာအရေးယူ  ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါ COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍မြို့နယ်အတွင်း နှာခေါင်းစည်း (mask)တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအားရှောင်တခင်စစ်ဆေးခဲ့ရာ နှာခေါင်းစည်း (msak)တပ်ဆင်ခြင်းမရှိသူ ၁၁ ဦးအား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။                                                                  

ရွှေနန်းမေ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ