နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်၌ COVID-19 ရောဂါကာကွယ်ရန် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစီး(Mask) မတပ်ဆင်သူများကို အရေးယူ

ရန်ကုန်    ဇွန်   ၂၅


 ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသည် ဇွန် ၂၄ ရက်က မြို့နယ်အတွင်းရှိ လူသွားလာမှုစည်ကားရာ (၃)ထိပ်လမ်းဆုံ ထန်းခြောက်ပင်လမ်းဆုံနှင့် လှော်ကားအောက်ဂိတ်လမ်းဆုံတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်တားဆီးထိန်းချူပ်ရေးအတွက် ထုတ်ပြန်ထားသည့်စည်းကမ်းချက် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲနေအိမ် ပြင်ပသို့ထွက်ခွာသွားလာနေသူများကို တားမြစ်ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။


"ဒီနေ့မှာ ကျန်းမာရေးအရညွှန်ကြားချက်တွေကို မလိုက်နာဘဲ နေအိမ်ပြင်ပအများပြည်သူတွေကြားမှာ Mask မတပ်ဘဲသွားလာနေသူ ပြည်သူ ၁၁၅ ဦးဖမ်းဆီးမိပါတယ်။ (ဥပဒေနှင့်အညီ မြို့နယ်တရားရုံး၌ တစ်ဦးကို ဒဏ်ငွေကျပ် ၅၀ဝ၀ ဖြင့်အရေးယူခဲ့သည်။) မကြာခဏလည်းပြည်သူကို  ကျန်းမာရေးအသိပညာပေးဆော်သြခြင်း နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါတယ်။


ကျွန်တော်တို့က အခုလိုဖမ်းဆီး အရေးယူရတာကလည်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးတဲ့သဘောပါ။ ပြည်သူတွေ နစ်နာအောင်ဆောင်ရွက်ခြင်းမဟုတ်ပါဘူး။ မိမိအသက်ကိုထိခိုက်နိုင်တဲ့ရောဂါကို အသိပညာလေးနဲ့နေထိုင်သွားဖို့ရည်ရွယ်ပါတယ်"ဟု မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမိုးကျော်အောင်က ပြောသည်။


မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ