နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်၌ COVID-19 ရောဂါကာကွယ်ရန် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစီး(Mask) မတပ်ဆင်သူ ၇၆ ဦး အရေးယူဆောင်ရွက်

ရန်ကုန်    ဇွန်   ၂၅ 


ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ COVID-19  ရောဂါကာကွယ်ရန် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစီး(Mask)များတပ်ဆင်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား ဒဏ်ငွေဆောင်ခြင်းဖြင့် အရေးယူဆောင်ရွက်ခြင်းကို ဇွန် ၂၄ ရက်၊ နံနက် ၉ နာရီခွဲက ရွှေနံ့သာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နှာခေါင်းစီး(Mask)များတပ်ဆင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်  မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအပါလွင်တို့ဦးဆောင်၍ မြို့နယ်အဆင့် COVID-19  ကော်မတီဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  လမ်းသွားလမ်းလာများအား နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစီး(Mask)မတပ်ဆင်ဘဲ ထွက်ခွာသွားလာနေသူ အမျိုးသား ၆၆ ဦးနှင့် အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၇၆ ဦးတို့အား ဒဏ်ငွေဆောင်ခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် အပြင်ထွက်ရန် လိုအပ်ပါက ပါးစပ်/နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှသွားလာရန်၊ လက်များကိုမကြာခဏဆေးကြော သန့်စင်ရန် ပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။                                                       


ဇင်ငြိမ်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ