နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ တန်ဟက်နှင့် ဆက်ဆံရေးတင်းမာမှုများကြောင့် အသင်းမှ ထွက်ခွာရန် ဆန်ချို ကြိုးပမ်း

စက်တင်ဘာ ၁၂

မန်ယူအသင်း နည်းပြတန်ဟက် နှင့် တိုက်စစ်မှူးဆန်ချိုတို့ကြား ဆက်ဆံရေးတင်းမာမှုများ ပိုမိုပြင်းထန် လာပြီးနောက် ကစားသမားအနေဖြင့် စာချုပ်ဖျက်သိမ်းပြီး အသင်းမှထွက်ခွာ ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဆန်ချိုသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းမှ မန်ယူအသင်း သို့ ပြောင်းရွှေ့ကစား ခဲ့ပြီးနောက် အစော ပိုင်းနှစ်များက ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရကာ နောက်ပိုင်းကာလများ တွင်လည်း ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။

လက်ရှိတွင် ဆန်ချိုနှင့်နည်းပြ တန်ဟက်တို့အကြား  သဘောထား တင်းမာမှုများပြင်းထန်နေပြီး ကစား သမားအနေဖြင့် ဒဏ်ရာရရှိနေခြင်း မရှိသော်လည်းပြီးခဲ့သည့် အာဆင်နယ် အသင်းနှင့်ပွဲစဉ်တွင်အရန် ကစားသမားက  စာရင်းချန်လှပ်ခံခဲ့ရသည်။

သို့သော် နည်းပြတန်ဟက်က ဆန်ချိုအနေဖြင့် လေ့ကျင့်‌ရေးအစီ အစဉ်တွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိ ခဲ့သည့်အတွက် အာဆင်နယ်အသင်း နှင့် ပွဲစဉ်တွင်ကစားသမား စာရင်းမှ ချန်လှပ်ခံရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆန်ချိုအနေဖြင့် ယခုကဲ့သို့ ပွဲထွက်ခွင့် ပျောက်ဆုံးနေပါက လာမည့် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ ကာလတွင်အသင်းမှ သေချာပေါက် ထွက်ခွာဖွယ်ရှိနေသည်။

သူရိန်







အခြားဆက်စပ်သတင်းများ