နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူးစက်မဟုတ်သောရောဂါများ ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

 ၂၁ ရာစုခေတ်ကာလတွင် ကူးစက်မဟုတ်သောရောဂါများ သည်တစ်ကမ္ဘာလုံးတွင်သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမြစ် ကြောင်း ကူးစက်မဟုတ်သောရောဂါများစွာရှိသည့်အနက် နှလုံးသွေးကြောရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချို၊သွေးချို ရောဂါနှင့်နာတာရှည်အဆုတ်ရောဂါများကို အဓိကကျသော ကူးစက်မဟုတ်သောရောဂါများဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် ဆီးချို၊ သွေးချိုရောဂါကြောင့် တစ်နှစ်ထက် တစ်နှစ်လူပေါင်းခြောက်သောင်းကျော် သေဆုံးနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းတွက်ချက်ထားသည်။ အသက် ၂၀ မှ ၇၉ နှစ်အတွင်း လူဦးရေနှစ်သန်းခန့်မှာ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွား နိုင်ကြောင်း လူ ၁၀၀ လျှင် ခြောက်ဦးနီးပါးနှုန်း ဖြစ်ပွားလျက်ရှိ ကြောင်း၊ အမျိုးသားဦးရေ ကိုးသိန်းကျော်နှင့်အမျိုးသမီးဦးရေ ၁၀ သိန်းကျော်ဖြစ်ပွားလျက်ရှိကြောင်း ရောဂါရှိမှန်းမသိသူ ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း ပညာရှင်များက အသိပေးထားသည်။

ဆီးချို၊ သွေးချိုရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများအဖြစ် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ မျက်စိကွယ်ရခြင်းတို့ကြောင့် လူစဉ်မမီ ဒုက္ခိတဖြစ်စေသည်။ ဆီးချို၊  သွေးချိုရောဂါရှင်များအနေဖြင့်လည်း မှန်ကန်သည့်အစား အသောက်နှင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ကြရန် လိုအပ်သည်။

 ကျွန်ုပ်တို့နိုင်ငံတွင် ဆီးချို၊သွေးချိုရောဂါကာကွယ်နိုင်ရေး အတွက် ပြည်သူလူထုအနေဖြင့် ဆီးချို၊ သွေးချို ကနဦးလက္ခဏာ ရောဂါရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆီးချို၊ သွေးချိုရောဂါကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ကြရန်လိုအပ်သည်။

ကူးစက်မဟုတ်သောရောဂါများသည် ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော ကျန်းမာရေးပြဿနာများ တိုးတက်ဖြစ်ပေါ်လျက်ရှိရာ ကူးစက်ရောဂါကာကွယ်ရေးသာမက ကူးစက်မဟုတ်သောရောဂါများ ကာကွယ်ထိန်းသိမ်းရေးတိုးမြှင့် လုပ်ဆောင်ရန်လိုအပ်သည်။

 မြန်မာနိုင်ငံတွင် ကူးစက်မဟုတ်သောရောဂါများ ကာကွယ်ရေး တွင် ကျန်းမာရေးဝန်ကြီးဌာနသာမက အခြားသောဝန်ကြီးဌာန များ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။   ။







အခြားဆက်စပ်သတင်းများ