နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၌ ၁၁၂၁ စင်တီမီတာသို့ ရောက်ရှိပြီး ပြန်လည်ကျဆင်း

ဖောင်းပြင် ဇွန် ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင်၊ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေသည် ၁၁၂၁ စင်တီမီတာ သို့ရောက်ရှိပြီး ဇွန် ၂၄ ရက်မှ စတင်ကျဆင်းသွားကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၊ ဇလဗေဒတိုင်းထွာရေးစခန်းမှသိရသည်။


“ရေကပြီးခဲ့တဲ့ မွန်းတည့် ၁၂နာရီနောက်ပိုင်းကစပြီး ကျသွားတာပါ မနေ့က ၄ စင်တီမီတာကျပါတယ်။ ဒီနေ့မနက်ခင်းမှာတော့၁၀စင်တီမီတာဆက်ကျပါတယ်။ ဖောင်းပြင်မြို့နယ်မှာတော့ ဒီလထဲမှာစိုးရိမ် ရေအမှတ်ကိုမရောက်နိုင်တော့ပါဘူး။ ခန္တီး၊ဟုမ္မလင်းတို့မှာလည်းရေကကျနေပါပြီ။ 


လာမယ့်ဇူလိုင်လနဲ့ဩဂုတ်လတွေမှာတော့စိုးရိမ်ရေအမှတ်ကိုတစ်ကြိမ်ရောက်ရှိနိုင်ပါတယ်။ ဖောင်းပြင်မြို့အပါအဝင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊မော်လိုက်၊ကလေးဝ၊မင်းကင်း၊ကနီ၊မုံရွာမြို့တွေမှာစိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ကျွန်တော်တို့ဌာနက ခန့်မှန်းထားပါတယ်။ တကယ်လို့စိုးရိမ်ရေအမှတ်ကျော်လွန်မယ့်အခြေအနေ ရှိရင်လည်း  ပြည်သူတွေ ပြင်ဆင်ချိန်ရအောင်စိုးရိမ်ရေအမှတ်ကိုရောက်ဖို့သုံးပေအလိုမှာမြစ်ရေတိုင်းထွာရေးကိုတစ်နာရီ ခြားတစ်ကြိမ်တိုင်းနေမှာပါ”ဟုဖောင်းပြင်မြို့ဇလဗေဒတိုင်းထွာရေးစခန်းမှစခန်းမှူးဦးထွန်းတင်ထွေးကပြောသည်။


ဖောင်းပြင်မြို့၏စိုးရိမ်ရေအမှတ်မှာ ၁၃၂၅ စင်တီမီတာဖြစ်ပြီး ဇွန် ၂၄ ရက် မွန်းတည့် ၁၂ နာရီ နောက်ပိုင်းမှ မြစ်ရေစတင်ကျဆင်းကာယနေ့နံနက်၆နာရီခွဲအချိန်တိုင်းထွာချက်အရ ၁၄ စင်တီမီတာသို့ကျဆင်းခဲ့ကြောင်း၊လာမယ့်ဇူလိုင်လနှင့်ဩဂုတ်လများတွင် ချင်းတွင်းမြစ်တစ်လျှောက်ရှိမြို့များ၌ စိုးရိမ်ရေအမှတ်သို့ တစ်ကြိမ်စီ ရောက်ရှိနိုင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊နေပြည်တော်ရုံးချုပ်မှ ခန့်မှန်းထားကြောင်း မြို့နယ်ဇလဗေဒတိုင်းထွာရေးစခန်းမှူး ဦးထွန်းတင်ထွေးထံမှ သိရသည်။


ကိုထွန်း(ဖောင်းပြင်)






အခြားဆက်စပ်သတင်းများ