နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ရှေ့လာပြီး အော်ကြီးဟစ်ကျယ် စကားပြောနေသူ ၅ ဦးကို ရုရှားအမျိုးသားက သေနတ်ဖြင့် ပစ်သတ်

ဧပြီ ၆၊ မော်စကို ရုရှားနိုင်ငံမှ အမျိုးသားတစ်ဦးမှာ ယင်း၏အိမ်အပြင်ဘက်သို့ လာရောက်ပြီး အော်ကြီးဟစ်ကျယ် စကားပြောခဲ့သူ ၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က မော်စကိုမြို့ အရှေ့တောင်ဘက် ၁၂၄ မိုင်အကွာတွင်ရှိသည့် ရာဇန်ဒေသ၊ ယီလတ်မာရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောသည်။ ယင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် အသွားအလာပိတ်ဆို့ထားသည့်ဒေသဖြစ်သည်။ အစောပိုင်းတွင် အိမ်ပိုင်ရှင်အမျိုးသားက လသာဆောင်မှထွက်ပြီး စကားကျယ်ကျယ်မပြောရန် တောင်းဆိုခဲ့သော်လည်း အချင်းများခဲ့ပြီးနောက် အမဲလိုက်ရိုင်ဖယ်ယူပြီး ပစ်ခတ်ခဲ့ခြင်းဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။ ယင်းဖြစ်ရပ်တွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးမှာ သေနတ်ဒဏ်ရာများကြောင့် အခင်း ဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးကော်မတီက ပြောသည်။ နောက်ပိုင်းတွင် သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပြီး ယင်း၏ တိုက်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ အမဲလိုက် ရိုင်ဖယ်ကို သိမ်းဆည်းရမိခဲ့သည်။ ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အကြီးအကျယ်မဖြစ်သော်လည်း အသွားအလာ ပိတ်ဆို့မှုများ လုပ်ထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ