နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုမာလီနိုင်ငံတွင် အသက်သုံးနှစ်နှင့် လေးနှစ်ရှိသည့် မိန်းကလေးငယ်နှစ်ဦး အဓမ္မကျင့်ခံရ

ဧပြီ ၆၊ မိုဂါဒစ်ရှူ အသက်သုံးနှစ်နှင့် လေးနှစ်အရွယ်ရှိသည့် မိန်းကလေးငယ်နှစ်ဦး ပြန်ပေးဆွဲ၊ အဓမ္မပြုကျင့်ခံရသည့်ဖြစ်ရပ်ကို ဆိုမာလီအစိုးရက ရှုတ်ချခဲ့သည်။ မိန်းကလေးငယ်များမှာ အကြီးစားခွဲစိတ်မှုများလုပ်ရန် လိုအပ်သည်ဟု ယင်းတို့ကို ကုသပေးနေသည့် ဆေးရုံမှ ဆေးရုံအုပ်က ပြောသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွက် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုမာလီနိုင်ငံမှ အရာရှိတစ်ဦးက ဆိုသည်။ ညီအစ်မဝမ်းကွဲတော်စပ်သည့် မိန်းကလေးငယ်နှစ်ဦးမှာ ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူမြို့အနီးရှိ အဖိုယီမြို့တွင် ကျောင်းမှ အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် အမျိုးသားများက ယင်းတို့ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခဲ့ခြင်းဟု မိန်းကလေးငယ်များ၏မိဘများက ပြောသည်။ မိဘများက မိန်းကလေးငယ်နှစ်ဦးကို အသည်းအသန် လိုက်ရှာခဲ့သော်လည်း နောက်တစ်ရက်ကြာမှသာ ယင်းတို့ကို တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း အဓမ္မပြုကျင့်မှုများ မြင့်တက်လာခဲ့သည့် ဆိုမာလီနိုင်ငံတွင် အသက်သုံးနှစ်နှင့် လေးနှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အဓမ္မကျင့်ခံရသည့်ဖြစ်ရပ်ကြောင့် တုန်လှုပ်စေခဲ့ သည်ဟု ဆိုသည်။ ဆိုမာလီနိုင်ငံတွင် ရှေးယခင်ကတည်းက ကြောက်မက်ဖွယ်ကောင်းသည့် အလားတူ ရာဇဝတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုနောက်ပိုင်းမှသာ လူအများက အခြေအနေအပြောင်းအလဲဖြစ်စေရန် အတွက် အဆိုပါရာဇဝတ်မှုများကို လူသိရှင်ကြား ထုတ်ပြောခဲ့ကြခြင်းဟု ဆိုမာလီနိုင်ငံမှ ဘီဘီစီသတင်းထောက် က ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ