နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်ရေး ကြိုးပမ်းစွမ်းဆောင်

၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း အမှတ် ၄ အလုံ၊ သီရိရတနာ ခန်းမတွင် စက်တင်ဘာ ၆ ရက်က စတင်ယှဉ်ပြိုင်လျက်ရှိသည်။

အခြေခံပညာအဆင့် အဆိုဘာသာရပ်ပြိုင်ပွဲတွင် နှစ်မျိုးအက ဘာသာရပ်ပြိုင်ပွဲတွင် နှစ်မျိုး၊ အရေးဘာသာရပ်တွင် တစ်မျိုး၊ အတီးဘာသာရပ်တွင် ၁၂ ခုတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။

ကျွန်ုတို့နိုင်ငံတွင် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါ အားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှသည်။ မြန်မာတို့၏ ပင်ကိုယ်ဗီဇနှင့် စိတ်ဓာတ်စရိုက်လက္ခဏာများအရ ရှေးအစဉ်အဆက်ကတည်းက မြန်မာတို့နှင့် လိုက်ဖက်တင့်တယ်သော သံစဉ်တေးသွားများ ရှိပြီး ဖြစ်သည်။ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အခြေအနေ များအရ အနောက်တိုင်း တေးဂီတများ လွှမ်းမိုးလာသည်မှာ သဘာဝကျသည်။ သို့သော် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာ အနုပညာသံစဉ်များလည်း မပျောက်ကွယ်သင့်ပါ။

ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အနုပညာများ မကွယ်ပျောက်စေရေးအတွက် ၁၉၉၃ ခုနှစ်မှစတင် ကာ မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပလာရာ ၂၀၂၃ ခုနှစ် ၂၄ ကြိမ်မြောက် ရောက်ရှိလာပြီ ဖြစ်သည်။

ဘိုးဘွားစဉ်ဆက်  ကိုယ်ပိုင်ယဉ်ကျေးမှုကို  ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော အစဉ်အလာရှိခဲ့သည့် မြန်မာတို့က ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးမှာ ကွယ်ပျောက်မည်ဟု ခံယူထားကြသည်။ သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ၂၀၂၃ ခုနှစ် ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက် (၄) ရပ် ဖြစ်သော

- အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသား ရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊

- တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ် များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လဏ္ခဏာများ မပျောက်ပျက် စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ 

- မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသား ရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊

- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးဟု ချမှတ်ထားသည်။

သို့ဖြစ်ရာ ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး, အတီး အခြေခံပညာအဆင့် ပြိုင်ပွဲကြီးကို လှိုက်လှဲစွာ ဂုဏ်ယူကြိုဆိုပါကြောင်း။      ။







အခြားဆက်စပ်သတင်းများ