နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ အင်ဇာဂီကို အင်တာမီလန်အသင်း ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

စက်တင်ဘာ  ၆

အင်တာမီလန် အသင်းက အသင်းကို ရလဒ်ကောင်းများရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ အင်ဇာဂီကို ၂၀၂၅ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို ခဲ့ကြောင်း သိရသည်။

အသက် ၄၇ နှစ်အရွယ်ရှိ နည်းပြ အင်ဇာဂီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက လာဇီ ယိုအသင်းမှ အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ် ပြီး အသင်းနှင့်ပထမဆုံး ဘောလုံး ရာသီတွင် ရလဒ်ကောင်းများရရှိ အောင် စွမ်းဆောင်ပေးနိုင်သကဲ့ သို့ ပြီးခဲ့သည့် ဘောလုံးရာသီက လည်း အသင်းကို ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ ကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲစဉ်အဆင့်သို့ တက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် အင်ဇာဂီသည် ယခု နှစ် ဘောလုံးရာသီတွင်လည်း စီးရီးအေပြိုင်ပွဲတွင် ရလဒ်ကောင်း များ ဆက်တိုက်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သူဖြစ်သည်။

အင်ဇာဂီနှင့် အင်တာမီလန် အသင်းတို့၏ စာချုပ်သက်တမ်း မှာ ယခုနှစ် ဘောလုံးရာသီအကုန် တွင် ကုန်ဆုံးမည်ဖြစ်သည့် အတွက် အသင်းကို ရလဒ်ကောင်း များရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သောကြောင့် နောက်ထပ် နှစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။     

သူရိန်






အခြားဆက်စပ်သတင်းများ