နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမား လင်ဂတ်ကိုခေါ်ယူရန် ပြင်ဆင်

စက်တင်ဘာ  ၆

ဝက်စ်ဟမ်း အသင်းသည် နော်တင်ဟမ်အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာ သွားသည့် ကွင်းလယ်ကစား သမား လင်ဂတ်ကို နိုင်ငံတကာ ပြိုင်ပွဲကာလအတွင်း ကာလတို စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် လင်ဂတ် သည် ဝက်စ်ဟမ်းအသင်းနှင့် အတူ လေ့ကျင့်ရေး အစီအစဉ် တွင် ပါဝင်နေပြီး ၎င်းအနေဖြင့် ပုံစံကောင်းများ ပြသနေသော ကြောင့် နည်းပြ မိုယက်စ်က တစ်ရာသီ စာချုပ်ဖြင့်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲ ကာလအတွင်း ခေါ်ယူမည်ဖြစ်သည်။

နည်းပြ မိုယက်စ်သည် အသင်း၏ ကွင်းလယ်တိုက်စစ် ပိုင်းအတွက် အပြောင်းအရွှေ့ ကာလအတွင်း ပီအက်စ်ဂျီအသင်း တောင်ပံကစားသမား အီကီ တိုက်နှင့် ဘရာဇီးကလပ် ကိုရင် သီယန်အသင်း ကစားသမား အယ်ဘာရိုတို့ကို ခေါ်ယူရန် ကြိုး ပမ်းခဲ့သော်လည်း ခေါ်ယူနိုင်ခြင်း မရှိခဲ့သဖြင့် ကွင်းလယ်တိုက်စစ် ပိုင်း လိုအပ်ချက်အတွက် လင်ဂတ် ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် ခြေစွမ်းပြသနိုင်ခဲ့ပါက နောက်ထပ် စာချုပ် သက်တမ်းတိုးမည့် သဘောတူညီချက်ပါ ထည့်သွင်း ချုပ်ဆိုရန် စီစဉ်လျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ