နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကို တိုက်ဖျက်ရာတွင် ရန်ပုံငွေတိုးမြင့်စေရန် မာလာဝီသမ္မတနှင့် ဝန်ကြီးအားလုံး လစာလျှော့ယူဖို့ စီစဉ်

ဧပြီ ၆၊ လီလောင်ဝီ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာတွင် ရန်ပုံငွေတိုးပွားလာစေရန် မာလာဝီသမ္မတနှင့် အစိုးရအဖွဲ့ ဝန်ကြီးအားလုံး ၃ လတိုင်တိုင် လစာ ၁၀ ရာခိုင်နှုန်းလျှော့ယူရန် ဆွေးနွေးနေကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှု သက်သာလျော့ပါးစေရန် ဘဏ္ဍာရေးထောက်ပံ့မှုစီမံချက် ချမှတ်ခဲ့ပြီးနောက် မာလာဝီသမ္မတ မူသာရီကာက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် မာလာဝီနိုင်ငံမှာ ပြီးခဲ့သည့်ကြာသပတေးနေ့မှ ပထမဆုံး COVID-19 ကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အရေးပေါ်အခြေအနေ ကြေညာ ထားသည်။ မာလာဝီနိုင်ငံတစ်ဝန်း ပိတ်ဆို့မှု(Lockdown)မလုပ်သော်လည်း ကျောင်းများကို ပိတ်ထားပြီး လူများကို အိမ်မှသာ အလုပ်လုပ်ကြရန်၊ လက်ဆေးကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် အစိုးရက တိုက်တွန်းထားသည်။ ဈာပနအခမ်းအနား၊ ဝတ်ပြုပွဲ၊ နိုင်ငံရေးစုဝေးပွဲ အစရှိသည့် လူ ၁၀၀ ကျော် စုဝေးပွဲအားလုံးကို တားမြစ်ပိတ်ပင်ထားသည်။ မာလာဝီသမ္မတ မူသာရီကာမှာ တစ်လလစာအဖြစ် အမေရိကန်ဒေါ်လာ ၃၆၀၀ ရရှိနေသူဖြစ်သည်။ သို့သော် သမ္မတနှင့် အစိုးရဝန်ကြီးအားလုံး လစာ ၁၀ ရာခိုင်နှုန်းလျှော့ယူခြင်းအားဖြင့် ရန်ပုံငွေ မည်မျှ မြင့်တက်လာမည်ဆိုခြင်းကို တိတိကျကျ မသိရသေးပေ။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ