နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်စေရေး မြောင်းများရှိအမှိုက်များဆယ်ယူရှင်းလင်း

 ရန်ကုန်    ဇွန်   ၂၅


ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အမှတ်(၂)ရပ်ကွက် အထက်ဗဟိုလမ်းနှင့်ဇေယျသုခ လမ်းဘေးရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး၊ မြောင်းများရှိ အမှိုက်များဆယ်ယူရှင်းလင်းခြင်း ကို ဇွန် ၂၄ ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အမှိုက်များ၊ မြောင်းချေးများပိတ်ဆို့ခြင်းကြောင့် ရေလျှံခြင်း၊ အနံ့ဆိုးများထွက်ပေါ်ခြင်းနှင့်ခြင်များ ပေါက်ပွားလာနိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သဖြင့် မြို့ရွာသန့်ရှင်းသာယာရေး၊ ကျန်းမာရေးနှင့်ညီစေရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်ပြီး လုပ်ငန်းခွင်သို့မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးစိန်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အေးကောင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ