မန္တလေး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ညည(၁၂)၊ အင်းခရုဘုရားအနီး၊ ၁၁၀ လမ်းနှင့် ၁၁၁ လမ်းကြားတွင် ဇွန် ၂၅ ရက်၊ နံနက် ၉ နာရီ မိနစ်၂၀ ခန့်က မီးလောင်မှုဖြစ်ပွားရာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးသန်းဇော်ဦး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၃၀ စီး၊ ရေသယ်ယာဉ် ၈ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ Level-2 ယာဉ် အုပ်စုယာဉ်များထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ သည်။ မီးလောင်မှုကြောင့် ၁၅ ပေ x ပေ ၂၀ သွပ်မိုး၊ ထရံကာ ၁ ထပ် နေအိမ် ၂ လုံးနှင့်သွပ်မိုးအုတ်ကာ ၂ ထပ်နေအိမ် ၁ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ရသည့်အကြောင်းရင်းအား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)