နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းရှေ့နေ ထောင်မှ ပြန်လွတ်လာ

ဧပြီ ၆၊ ဘေဂျင်း အစိုးရကို ဖြုတ်ချရန် ကြံစည်ခဲ့သည်ဆိုသော စွဲချက်ဖြင့် ထောင်ဒဏ်လေးနှစ်ကျော် ချမှတ်ခံခဲ့ရသည့် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းရှေ့နေမှာ ထောင်မှ ပြန်လွတ်လာခဲ့ပြီဖြစ်သည်။ သို့သော် ထိပ်တန်းရှေ့နေ ဝမ်ကွမ်ကျန်းကို ဘေဂျင်းမြို့ရှိ ယင်း၏မိသားစုနေအိမ်သို့ ပြန်သွားခွင့် မပေးခဲ့ဘဲ မိုင် ၂၅၀ ကွာဝေးသည့် ရှန်တုံပြည်နယ်၊ ဂျီနန်မြို့သို့ ခေါ်ဆောင်သွားသည်ဟု ယင်း၏ဇနီးသည် လီဝမ်ဇူးက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအနေဖြင့် ဝမ်ကွမ်ကျန်းမှာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံရမည်ဟု လီဝမ်ဇူးက ဆိုသည်။ သို့သော် ယင်း၏ခင်ပွန်းကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားပြီး မျက်ခြည်မပြတ် စောင့်ကြည့်မှုလုပ်နေမည်ကို စိုးရိမ်ပူပန်မိသည်ဟု ယင်းက ပြောသည်။ ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ၏ တက်ကြွလှုပ်ရှားသူများအပေါ် ကြမ်းတမ်းစွာ ဖြိုခွဲခဲ့ရာ ဝမ်ကွမ်ကျန်းနှင့် အတူ လူ ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဝမ်ကွမ်ကျန်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မြေယာသိမ်းဆည်းခံရသူများကို ဥပဒေပညာဖြင့် ကာကွယ်ပေးခဲ့သူဖြစ်ပြီး မတရားအသင်းအဖြစ် သတ်မှတ်ထား သည့် ဖာလွန်ဂေါင်း ဘာသာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ဝမ်ကွမ်ကျန်း ဖမ်းဆီးခံရပြီး သုံးနှစ်ကျော် ကြာမြင့်ချိန်အထိ ယင်း၏မိသားစုမှာ သေသလား၊ ရှင်သလား သိခွင့်မရခဲ့ပေ။ သို့သော် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဝမ်ကွမ်ကျန်းကို ရုံးတင်စစ်ဆေးခဲ့ပြီး ထောင်ဒဏ်လေးနှစ်ခွဲ ချမှတ်ခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ