နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩဂုတ်လအတွက် မန်ယူအသင်း တစ်လတာအကောင်းဆုံး ကစားသမားဆု ဘရူနိုဖာနန်ဒက်စ်ရရှိ

စက်တင်ဘာ  ၃

မန်ယူအသင်း၏ ဩဂုတ်လ အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်ကစား သမား ဘရူနိုဖာနန်ဒက်စ်က ရရှိခဲ့ ကြောင်း  သိရသည်။

မန်ယူအသင်းက လစဉ်တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် အသင်းမှ ဆန်ခါတင်ကစားသမား သုံးဦးရွေးချယ်ခဲ့ပြီး ပရိသတ်များထံမှ ဆန္ဒမဲကောက်ယူကာ ရွေးချယ်ပေး ခဲ့ခြင်းဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ဆန်ခါတင် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည့် အသင်းဖော် ဂိုးသမား အိုနာနာနှင့် ခံစစ်ကစားသမား ဝမ်ဘစ် ဆာကာတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူ အသင်းနှင့် ဩဂုတ်လအတွင်းကစား ခဲ့ သည့် ဝုလ်ဗ်အသင်း၊ စပါးအသင်း တို့နှင့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သော်လည်း နော်တင်ဟမ်အသင်း ကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ် တွင် အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့ပြီး ကက်စ်မဲရိုး၏ သွင်းဂိုးကိုဖန်တီး ပေးနိုင်သကဲ့သို့ ပင်နယ်တီမှတစ်ဆင့်  အသင်းအတွက် အရေးပါသည့်အနိုင် ဂိုးကို သွင်းယူခဲ့ပြီးနောက် မန်ယူ အသင်း၏ ဩဂုတ်လအတွက်  တစ်လ တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ 

သူရိန်







အခြားဆက်စပ်သတင်းများ