နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေး

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ သုံးစွဲသူ၊ ဖြန့်ဖြူးသူ လက်ဝယ်ထားရှိသူတို့ကို ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးတွင် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး၊ ပြည်သူ လူထုနှင့်အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးနှင့် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် တက်ညီလက်ညီ ပါဝင်မှ လျော့နည်းပပျောက်မည်ဖြစ်သည်။

မူးယစ်ဆေးဝါးပပျောက်ရေးသည် နိုင်ငံတကာနှင့်သက်ဆိုင် သည့်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်း များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများ တွင် ဘက်စုံထောင့်စုံမှ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။

ယနေ့အခြေအနေတွင် ကြယ်သီး ခေါ် စိတ်ကြွရူးသွပ်ဆေး ပြားများက လူငယ်ထုအတွင်း ဈေးသက်သာစွာဖြင့် သုံးစွဲနေ ကြသည်။ ဥပဒေအရ တားဆီး၊ နှိမ်နင်းမှုများ၊ ဖော်ထုတ်အရေး ယူမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်လာသည်။

ယခုရက်ပိုင်းအတွင်း သာစည်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)သုံးတန်ကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ဖမ်းဆီးရမိခဲ့သည့် NISSAN ၁၈ ဘီးယာဉ်နှင့် ယာဉ်ပေါ်တွင် ကျောက်မီးသွေးမှုန့် များဖုံးအုပ်သယ်ဆောင်လာသည့် ယာဉ်ပေါ်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ အင်ကြင်းမြိုင်လမ်းရှိ နေအိမ်မှ ကာလတန်ဖိုးငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်ဘ်အဖက် တမင်း)သုံးတန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် ၇ ဒသမ ၆၂ ကျည်တောင့် ၂၀၀၀၀ သိမ်းဆည်းရမိရာ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း အမှုနှင့်ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်နှင့်ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးတွင် စဉ်ဆက်မပြတ်ဘက်စုံထောင့်စုံမှ ပူးပေါင်းဆောင်ရွက်သွား စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ