နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Apple က iOS 14 ကို ကြေညာ

ဇွန်  ၂၄


Apple က Mobile OS Version သစ်အဖြစ် iOS 14 ကို ကြေညာလာသည်။ iOS 14 မှာ စနစ်သစ်များ ပါဝင် လာသည်။


iOS 14 ၏ Widgets မှာ ဒေတာများစွာပါဝင်လာသလို ပုံမှန် Home Screen အဖြစ်လည်း အသုံးပြုနိုင်သည်။ Picture-in-Picture စနစ်ကလည်း iOS မှာ ပါဝင်လာပြီး App မှာ ဗီဒီယိုကြည့်နေရင်း အခြားစနစ်တစ်ခုကို သုံးမည်ဆိုပါက အသံဆက်လက်ထွက်နေခြင်းဖြစ်သည်။


ထို့အပြင် Apple က App Drawer လည်း ထည့်သွင်းလာသည်။ App Library သစ်ကလည်း အလွန်အသုံးဝင်လာပြီး App များကို တူရာစုပေးကာ အလွယ်တကူသုံးနိုင်အောင်လည်း လုပ်ဆောင်ပေးထားသည်။ အသုံးပြု သူများအနေဖြင့် အသုံးများသည့် App ကို Folder သို့ တကူးတက ဝင်ရောက်စရာမလိုဘဲ တစ်ချက်ထိပြီး သုံးနိုင်သည်။


Siri ကိုလည်း သေးငယ်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားပြီး ယခင်လို Full Screen UI မဟုတ်တော့ပေ။ ထို့အပြင် Google Translate ကဲ့သို့ ဘာသာပြန်စနစ်လည်းပါဝင်ကာ Live Translate ပြုလုပ်ပေးနိုင်သည်။


CarPlay မှာ iPhone ကို ကားသော့အဖြစ် သုံးနိုင်အောင် လုပ်ဆောင်ထားပြီး 2021 BMW 5 စီးရီးမှာ စတင် သုံးနိုင်မည်ဖြစ်သည်။ NFC စနစ်မှတစ်ဆင့် သုံးနိုင်အောင် လုပ်ဆောင်ထားပြီး iMessage မှတစ်ဆင့် ကားသော့ ကို Share လုပ်နိုင်သည်။ iOS 14 ကို iPhone 6s နှင့် နောက်ပိုင်း iPhone များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ