နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဘီရောဂါစနစ်တကျ ကုသရန်လိုအပ်

တီဘီရောဂါသည် လေထဲမှတစ်ဆင့်ကူးစက်ပျံနှံ့နိုင် သော တီဘီပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်၏။ ရောဂါရှိသောလူနာမှ ချောင်းဆိုး၊နှာချေစကားပြော သောအခါ လေထဲမှတစ်ဆင့် နောက်တစ်ဦးသို့ ကူးစက်နိုင် ၏။ ၁၉၄၃ ခုနှစ်တွင် တီဘီရောဂါကုဆေးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့၏။

 တီဘီရောဂါပိုးသည် အသက်အလွန်ပြင်းသည့်အတွက် တီဘီပိုးကင်းရှင်းသည်အထိ ခြောက်လမှရှစ်လကြာ မပျက် မကွက်နေ့စဉ်အချိန်မှန်မှန် ဆေးသောက်ရန်လိုအပ်သည်။ တီဘီဆေးများကို နေ့စဉ်အချိန်မှန်မှန် နံနက်စောစောတွင် တစ်ကြိမ် အစာနှင့်ခြား၍ သောက်သုံးရမည်။ ဆရာဝန်၊ မိသားစုတစ်ဦးဦး၏  တိုက်ရိုက်စောင့်ကြပ်ကြည့်ရှုမှု အောက်တွင်သောက်ရပါမည်။

 ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သည် ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသား မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တီဘီဆေးကုသအောင်မြင်နှုန်း ၈၇ ရာခိုင်နှုန်း၊ တီဘီအိပ်ချ်အိုင်ဗွီဒွန်တွဲလူနာ တီဘီဆေးကုသမှု အောင်မြင်နှုန်း ၇၅ ရာခိုင်နှုန်း၊ ဆေးယဉ်ပါးတီဘီဆေးကုသ မှုအောင်မြင်နှုန်း ၇၆ ရာခိုင်နှုန်းဖြစ်ရာ တီဘီရောဂါဆေး ပုံမှန်သောက်သုံးပါက ရောဂါပျောက်ကင်းသည်ဟု ၂၀၂၂ ခုနှစ် အစီရင်ခံစာများအရ သိရသည်။

 တီဘီရောဂါသည် အနာသိဆေးရှိပြီးဖြစ်ရာ ကျန်းမာရေး ဝန်ထမ်းတို့၏ ညွှန်ကြားချက်အတိုင်းလိုက်နာသောက်သုံး ပေးရုံဖြင့် သက်သာပျောက်ကင်းလာနိုင်ပြီဖြစ်ရာ ဝေဒနာရှင် များဘက်မှ စနစ်တကျသောက်သုံးရန်လိုအပ်သည်။ သို့ဖြစ်ရာ  တီဘီရောဂါဖြစ်ပွားသူများ တစ်ယောက်မှမကျန်ရှိစေရေး ရောဂါစမ်းသပ်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်၍ များများ ရှာ၊ မြန်မြန်ကုသပြီးရောဂါကူးစက်ပြန်ပွားမှုကို ဖြတ်တောက် ရမည်ဖြစ်သည်။

တီဘီရောဂါသည် မြန်မာနိုင်ငံ၏ဦးစားပေးဖြေရှင်းရ မည်  ပြည်သူကျန်းမာရေးပြဿနာဖြစ်ရာတီဘီဆေးနှင့်ဆေးပစ္စည်း များဝယ်ယူရန်  ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ငါးသန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း နိုင်ငံတော်အစိုးရက ခွဲဝေချထားသည်။

ယခုအခါ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက် ရေးစီမံချက်ဖြင့် ဆေးရုံ၊ ဆေးခန်းသို့ မလာရောက်နိုင်သော လူနာများအထိ တီဘီရောဂါရှာဖွေဖော်ထုတ် ကုသပေးခြင်း ဖြင့် မြို့နယ်အတွင်း ရောဂါကြိုတင်ကာကွယ်ရေးကို အထောက်အကူဖြစ်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ