နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအမွေအနှစ် သုတေသနပြု စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်

မြန်မာနိုင်ငံတွင်‌ ရှေးဟောင်းအမွေအနှစ်များသည် သမိုင်းမတင်မီ ခေတ်ကစ၍ ဖြစ်တည်လျက်ရှိသည်။ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ပြီးဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့သာမက  ပျူမြို့ဟောင်းများဖြစ်သည့် ပင်လယ် (မိုင်းမော) မြို့ဟောင်း၊       ကျိုင်းဟုန်ဖိုင်းမောမြို့ ဟောင်း၊  တကောင်းမြို့ဟောင်း၊  ပေါရိသတ်မြို့ဟောင်း (သို့မဟုတ်) ကောသမ္ဘီမြို့ဟောင်း၊ ဝတီမြို့ဟောင်းတို့မှ စာတမ်းများ ဖတ်ကြား သုတေသနပြုလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရှေးဦး မြို့ပြပုံစံတည်ဆောက်ခဲ့မှု၊ ပျူယဉ်ကျေးမှုအခန်းကဏ္ဍများ ကို စေ့ငုရှာဖွေဖော်ထုတ်လျက်ရှိသည်။

 မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်များစုဝေး တည်ရှိရာ ပုဂံရှေးဟောင်းဒေသသည် ကမ္ဘာသိဒေသတစ်ခုဖြစ် သည်။ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ခဲ့သည်။

 မြန်မာတို့သည့်ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ်စသည့် ခေတ်အသီးသီးကိုဖြတ်သန်းခဲ့ပြီး အေဒီ ၁၀၄၄ တွင် အနော်ရထာမင်းသည် ပထမမြန်မာနိုင်ငံတော် ကို ပုဂံဒေသတွင် စတင်တည်ထောင်ခဲ့သည်။ ပုဂံဒေသသည် စေတီပုထိုး၊ ဂူဘုရားပေါင်းအမြောက်အမြား  တည်ထား ကိုးကွယ်ရာ တန်ဖိုးကြီးမားသည့် ရှေးဟောင်းအမွေအနှစ် များဖြစ်သည်။  မြန်မာလူမျိုးတို့ ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။ 

ပုဂံသည် မြန်မာနိုင်ငံ၏ဂုဏ်ဒြပ်တစ်ခုဖြစ်ပြီး တစ်မျိုး သားလုံးနှင့်ဆိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သကဲ့သို့ လူသားတို့အတွက်လည်း ကမ္ဘာ့အမွေအနှစ်ဖြစ်သည့် သက်တမ်းကြာမြင်ခဲ့ပြီဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ် များ ရေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းစောင့်ရှောက်ကြရာ တွင် တာဝန်ရှိသူများ၊ ပညာရှင်များသာမက ပြည်သူတစ်ရပ် လုံးက ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ပါဝင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ် မှုနှင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည့်  ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းမှုအခြေအနေ များကို ဩဂုတ် ၂၇ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးရာ တွင် မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည်အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ် နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့်ရေရှည်တည်တံအောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေ ရေးလိုအပ်သည်များ ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိ သူများက အမြဲမပြတ်စစ်ဆေးဆောင်ရွက်နေရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 သို့ဖြစ်ရာ နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်ထွန်းကားလာခဲ့ သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်း များ၊ အဆောက်အအုံများကို ရေရှည်တည်တံ့စေရန်နည်းလမ်း ပေါင်းစုံဖြင့်  ထိန်းသိမ်းစောင့်ရှောက်သွားကြစေချင်  ကြောင်း။     ။






အခြားဆက်စပ်သတင်းများ