နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ဆာရောဂါကင်းဝင်းရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါ ကြောင့် သေဆုံးမှုသည် တိုးမြင့်လာလျှက်ရှိသည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နှစ်စဉ်သေဆုံးသူ ၂ ဒသမ ၉ သန်း သည် အမျိုးသမီး မီးယပ်ကင်ဆာရောဂါဖြစ်ကြောင်း မြန်မာနိုင်ငံ တွင် ရင်သားကင်ဆာသည် အဖြစ်အများဆုံးဖြစ်ပြီး သားအိမ်ခေါင်း ကင်ဆာသည် ဒုတိယအများဆုံးဖြစ်သည်။

အချို့ကင်ဆာများသည် ကာကွယ်၍မရသော်လည်း စောစော သိလျှင် ကုသ၍ ပျောက်ကင်းသည်။ သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်ကုသ၍ရသော ကင်ဆာဟု သိရှိရပြီး ကာကွယ်သည့် နည်းလမ်းများကို လိုက်နာကြရန်လိုအပ်သည်။

ကင်ဆာဖြစ်ပွားရခြင်းအကြောင်းအရင်းများအနက် အစား အသောက်ကြောင့် ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာ တွင်ရှိပြီး ‌ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရာခိုင်နှုန်း ၃၀၊ ဗိုင်းရပ်စ်ပိုးများကြောင့် ရာခိုင်နှုန်း ၁၀၊ လိင်ဆက်ဆံမှုများကြောင့် ခုနစ်ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အရွယ်မရွေးဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းသည် သားအိမ်ခေါင်း ကင်ဆာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အမျိုးသမီးများ တွင် အဖြစ်အများဆုံးဖြစ်ပြီး သေဆုံးရခြင်း၏ အကြောင်းရင်း ဖြစ်သည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်၌ ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိရာ  ရှေ့ပြေးကင်ဆာလက္ခဏာများ လျော့ကျလာသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ယခုဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံရာတွင် လည်းကောင်း အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံရာတွင် လည်းကောင်း လွှမ်းခြုံမှုမြင့်မားလာရန် လိုအပ်သည်။ အသက် ကိုးနှစ်ပြည့်ပြီး ၁၂ နှစ်ကျော် မိန်းကလေးငယ်များအား သားအိမ် ခေါင်းကင်ဆာ‌ရောဂါ ကာကွယ်ဆေးထိုးနှံရမည်ဖြစ်သည်။

အလားတူ ရင်သားကင်ဆာသည် အသက် ၄၀ မှ ၄၉ နှစ် အရွယ် အမျိုးသမီးများတွင် ဖြစ်ပွားနှုန်းမြင့်တက်လာရာ အမျိုး သမီးတိုင်း အသက် ၅၀ အရွယ်အထိ ၂ နှစ်တစ်ခါ ရင်သားကင်ဆာ စစ်ဆေးမှုပြုလုပ်သင့်ကြောင်းနှင့် အသက် ၅၀ မှ ၇၅ နှစ်အတွင်း ၂ နှစ်တစ်ခါ သုံးနှစ်တစ်ခါ စစ်ဆေးသင့်ကြောင်း သုတေသန ပညာရှင်များက အသိပေးထားသည်။

သို့ဖြစ်ရာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပြုလုပ်မည်ဖြစ်ရာ အားလုံးပါဝင် ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ