နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19ရောဂါ အသိပညာ‌ပေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်နှင့် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မီး‌ဘေးအန္တရာယ်မဖြစ်‌ပေါ်စေရေး အသံချဲ့စက်ဖြင့် လိုက်လံကြေညာ

ရန်ကုန် ဧပြီ ၆ COVID-19ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်သတိပြုနေထိုင်နိုင်စေရေး၊ ကျန်းမာရေး ဦးစီးဌာနညွှန်ကြားချက်များ သိရှိလိုက်နာရေးနှင့် မိမိတို့ရပ်ကွက်အတွင်း ပြည်ပမှပြန်လည်ရောက်ရှိလာ‌သော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပေးပို့ကြရန်နှင့် ပူပြင်း ခြောက်သွေ့သောကာလ၊ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မီး‌ဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ COVID -19 ကူးစက်ရောဂါကာကွယ်ရေးအတွက် သင်္ကြန်ကာလရုံးပိတ်ရက်များအတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း မပြုလုပ်ရန်၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မိမိတို့နေအိမ်တွင်နေထိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်၊ မဖြစ်မနေဆောင်ရွက်ရမည့် အစားအသောက်ပစ္စည်းများဝယ်ယူခြင်းနှင့် ကျန်းမာရေးကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသို့သွားလာခြင်းများမပြုလုပ်ခြင်းဖြင့် COVID -19 ရောဂါကာကွယ်ထိန်းချုပ်ကန့်သတ်ခြင်းအား ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ကာကွယ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်‌နေပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော အဖွဲ့များက အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့စဉ်။ လှလှထွေး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ