နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးအန္တရာယ်မဖြစ်ပွားရေး ကြိုတင်ကာကွယ်ဆောင်ရွက်ပေး

မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မိမိတို့နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလား အပ်သော အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားရန် လူတိုင်းမီးကို ဂရုပြုသုံးစွဲသင့် သည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တောင်သမန်ကျေး ရွာအုပ်စု အိုးဘိုကျေးရွာ၌ ဩဂုတ် ၂၂ ရက် ည ၁၁ နာရီခန့်က မိုးရွာနေစဉ် မီးလောင်မှုဖြစ်ပွားပြီး လူသုံးဦးသေဆုံးခဲ့သည်။ ဩဂုတ် ၂၅ ရက်နေ့လယ် ၁ နာရီ ၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် မေဓာဝီလမ်းဆုံတွင် မီးလောင်မှုဖြစ်ပွားရာ ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားသည်။ မိမိ တို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင် ရာဌာန၏ သုံးသပ်ချက်အများအရ သိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲ လျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုများအနီးတွင် လောင် စာဆီများမထားခြင်း၊ မီးဖိုးအားစနစ်တကျကာရံခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံအနီးတွင် မထွန်းခြင်းတို့သည် အရေးပါသည်။

မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင် လျှင် မီးလောင်ဆုံးရှုံးမှုမများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက် အအုံတိုင်၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ် ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန်မီးငြှိမ်းသတ်နိုင် ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုအခါ ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများ လေဝင် လေထွက်ကောင်းမွန်အောင် စီမံဆောင်ရွက်သင့်ကြောင်း သိရ သည်။ မီးဘေးအန္တရာယ်ကို ပြည်သူအားလုံး သတိမူလာရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သော်လည်း ပြည်သူများလိုက်နာမှု အားနည်းကြောင်း တွေ့ရသည်။

ယင်းကဲ့သို့ လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြုခြင်းတို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများလျော့နည်းသွားစေရန် မီးသုံးစွဲသူ အားလုံးတို့က ကြိုတင်ကာကွယ်စောင့်ရှောက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ