နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသည်းရောဂါ သတိပြုဆင်ခြင်

ကမ္ဘာပေါ်တွင် နှစ်စဉ်အသည်း‌‌ရောဂါဖြင့် လူတစ်သန်းခန့် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ စသည့် အသည်းနှင့်ပတ်သက်၍ ‌ရောဂါအကြောင်းအရင်းမှာ အသည်းရောင်၊ အသားဝါ ဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းဖြစ် ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြသည်။

အသည်းရောင်၊ ဘီပိုး၊ စီပိုးသည် နာတာရှည်ရောဂါများအဖြစ် ကူးစက်နိုင်ပြီး သတိမပြုမိပါက အသည်းခြောက်ခြင်းနှင့် အသည်း ကင်ဆာဖြစ်ပွား‌လေ့ရှိသည်။ အသည်းရောင်ရောဂါကို ဖြစ်စေသည့် ဘီပိုး၊ စီပိုးသည် ကူးစက်မှုလွယ်ကူပြီး စနစ်တကျ ကုသမှုခံယူသင့် သည်။ 

လူအများတွင် အသည်းရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်း မှာ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်တို့က ဆိုကြသည်။ မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအစာတို့မှ တစ်ဆင့် အသည်းရောဂါ ဖြစ်ပွားစေနိုင်သည်။ ရောဂါဖြစ်ပွားပါက  စနစ်တကျ ကုသမှုခံယူသင့်သည်။ 

သို့ရာတွင် လူအများစုသည် သွေးစစ်ဆေးမှုအားနည်းကြသဖြင့် ဘီပိုး၊ စီပိုး ကူးစက်ခံနေရသည်ကို သတိမပြုဘဲဖြစ်ကြရသည်။ အရက်ကို အလွန်အကျွံသောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ရောဂါအမျိုးမျိုး ဖြစ်ပေါ်စေနိုင်ရာ အသည်းကို ထိခိုက်မှုသည် များပြားလာသော အခြေအနေသို့ ရောက်ရှိလာပေသည်။

ယနေ့လူမှုဘဝတွင် တွင်ကျယ်စွာ ပျံ့နှံ့လာသည့် ပြည်တွင်း ပြည်ပ အရက်အဖျော်ယမကာ၊ ဝိုင်အမျိုးမျိုးတို့သည် တန်ဆေး၊ လွန်ဘေးအဖြစ် ဝင်ရောက်လာသည်။

ယခုအခါ ဘီပိုးကာကွယ်‌ဆေးများကို ဌာနဆိုင်ရာများတွင် ထိုးနှံပေးလျက်ရှိသည်။ မည်သို့ပင်ဆိုစေ လူအများ၏ ကျန်းမာရေး ကို ထိခိုက်ခြိမ်းခြောက်လာသော အသည်း‌ရောဂါအမျိုးအမျိုး မဖြစ်ပွားအောင် ဆင်ခြင်စားသောက်ရန် လိုအပ်လာပြီဖြစ်သည်။

မိမိတို့တွင် ဘီပိုး၊ စီပိုး  ကူးစက်ခံရခြင်း ရှိ၊  မရှိ သွေးစစ်‌ ဆေးမှု ခံယူကြခြင်းဖြင့် အသည်း‌ရောဂါကြောင့်ဖြစ်ပွားလာမည့် နောက်ဆက်တွဲရောဂါများ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ