နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ရေဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်

ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ဧရာဝတီ မြစ်ရိုးတစ်လျှောက် မြစ်ရေများ မြင့်တက်လာပြီး မြစ်ရေဝင်ရောက် မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့များတွင် မြေနိမ့်ပိုင်းကျေးရွာ အချို့တွင် မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ မင်းဘူး၊ ပွင့်ဖြူ၊ ပန်းတောင်း၊ ကံမ မြို့နယ်များတွင် မြစ်ရေများ မြင့်တက်လျက်ရှိကြောင်း အခြေခံ ပညာကျောင်းအချို့ ယာယီပိတ်ထားသည်ကို တွေ့မြင်နေရသည်။ 

ယခုအခါ သက်ဆိုင်ရာဌာနများမှကြီးကြပ်၍ မြစ်ကမ်းနားနှင့် တာတမံများအနီးတွင် နေထိုင်သော ပြည်သူများ ရေဘေးကာကွယ် ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

တာတမံများ၏ အ‌ရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်အရ  လွှင့်ထူရမည့်  သတိပေးအချက်ပြအလံများ ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက တာတမံများ ၏ အရေးပေါ်အခြေအနေဖြစ်သော တာထိပ်ရေကျော်ခြင်း၊ ရေ ပေါက်၊ တာအိ (သဲဗွက်ထ) လှိုင်းပုတ်ခြင်းများ၊ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း လေ့ကျင့်ကြသည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ချေ လျှော့ချခြင်း၊ ကြိုတင်အသင့် ပြင်ဆင်ခြင်း အ‌ရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှု များလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီစဉ်မှုဖြင့် ‌အနိမ့်ပိုင်းကျေးရွာ/ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် ပြည်သူများအား ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ သက်ဆိုင်ရာဒေသရှိ အဖွဲ့အစည်းများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ