ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဇွန် ၂၃ ရက်၊ ည ၇ နာရီခွဲအချိန်တွင် စက်မှုဇုန်(၂)၊ ဦးမြဲလမ်းမပေါ်၌ ကိုထက်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီခွဲအချိန်တွင် (၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ငမန်းတံတားပေါ်၌ ကျော်နိုင်ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၄ နာရီခွဲအချိန်တွင် (၁၀၆)ရပ်ကွက်၊ မြိုင်တန်းသာ(၃)လမ်းမပေါ်၌ နောင်နောင်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊
မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၉ နာရီခွဲအချိန်တွင် (ည)ရပ်ကွက်၊ ဝေဘာဂီ လမ်းမပေါ်၌ ထွန်းလင်းဦးထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်း၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် ခေမာသီလမ်းမပေါ်၌ ကိုလင်းထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ညနေ ၅ နာရီ အချိန်တွင် ညောင်ရမ်းလမ်းမပေါ်၌ စိုင်းမင်းသူထံမှ အရိုးအသွား(၁၁) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် (၁၂)ရပ်ကွက်၊ အောင်ရာဇာပတ်လမ်းမ ပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ဇင်ကိုဦးထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊
သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီအချိန်တွင် (၁၀/မြောက်)ရပ်ကွက်၊ တိုင်းရင်းသားကျေးရွာအဝင်လမ်းပေါ်၌ ထွန်းထွန်းဦးထံမှ အရိုးအသွား(၆)လက်မခွဲခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်း ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ အချိန်တွင် ရွာသာကြီးရပ်ကွက်၊ ရွာလယ်လမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော အေးမင်းပိုင်ထံမှ အရိုး အသွား(၂၄)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ဆွေဦး