လယ်ယာကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်က အဘက်ဘက်မှ တိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိသည်။ ဧရာဝတီတိုင်းတွင် ရက် ၉၀ စပါးများ ရင့်မှည့်ရိတ်သိမ်း၍ သီးထပ်သီးညှပ်များစိုက်ပျိုးရန် တောင်သူလယ်သမားများက ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
လယ်ယာကဏ္ဍသည် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းလည်း ဖြစ်ပြီး လူဦးရေအများဆုံးဖြစ်သော ကျေးလက်နေပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းလည်းဖြစ်ရာ လယ်ယာ ကဏ္ဍနှင့် စိုက်ပျိုးသီးနှံများ၊ စိုက်ပျိုးသမျှ အောင်မြင်ပြီး အကျိုး ဖြစ်ထွန်းမှု အပြည့်အဝရရှိရေးအတွက် အထူးဂရုပြု အလေးထား လိုက်နာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ တတိယပတ်တွင် စပါးဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်း ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၃၇၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀၊ ဧရာမင်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၈၀၀၀ ဖြင့် လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါး (ရွှေဝါထွန်း) တင်း ၁၀၀ လျှင် ငွေကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ဖြင့်လည်း အရောင်းအဝယ်ဖြစ်နေသည်။
ပြည်တွင်းဝယ်လိုအား မြင့်တက်လာမှုနှင့် ဧည့်မထ ဆန်ဈေးနှုန်း များ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းရင်းအမြစ်များက ဖော်ပြနေသည်။ ယင်းအပြင် ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက် လာမှုကြောင့် မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများ ကုန်ကြမ်းများ ဝယ်လိုအားမြင့်တက်လာ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့ နိုင်ကြောင်း ဒေသစီးပွားရေးအရင်းအမြစ်သတင်းများက ဖော်ပြလာ ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဩဂုတ် ၂၀ ရက်က ပြည်လမ်း ၉ မိုင်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) အစည်းအဝေးခန်းမ၌ တိုင်းအဆင့် လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသေးစား၊ အငယ်စား၊ အလတ်စား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ပုဂ္ဂလိက ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ဦးစီးဌာန အလိုက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင် များ ထားရှိကြိုးပမ်းကြစေလိုကြောင်း တာဝန်ရှိသူများကို တိုက်တွန်း ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ ရရှိနိုင်ရေး ဝန်ထမ်းသက်သာ အရောင်းဆိုင်ကို ဩဂုတ် ၂၁ ရက်က ဖွင့်လှစ်ရာ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြင်ပဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ အခြား သော ဝန်ကြီးဌာနအဖွဲ့အစည်းများတွင်လည်း သက်သာအရောင်း ဆိုင်များ ဖွင့်လှစ်ရောင်းချရန်လိုအပ်သည်။
ပြည်တွင်း ဝယ်လိုအားများပြားမှုကို အခြေခံ၍ တိုးမြှင့်လာသော စားသုံးသူများအတွက် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရရှိရေးတွင် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များ နှစ်ဆတိုးမြှင့် ထုတ်လုပ်ခြင်းဖြင့် လယ်ယာကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မား တိုးတက်စေချင်ကြောင်း။ ။